အပိုင်း(၃၇)

32.5K 2.3K 216
                                    

(Unicode)

ရခိုင်ရိုးမအနီး ၊ ခေါင်သီသော ရွာလေးတစ်ရွာ၌ဖြစ်၏။

"လူလေးရေ၊ ထပါတော့ကွ
ဒီလောက်အိပ်ရတော်ပေါ့
မနေ့ညက မိုးအတော်ကြီးတာပဲ ပျိုးပင်တွေ ရေမွန်းကုန်ပြီထင်တယ်ဟေ့ "

အချိန်ကား နံနက်၇နာရီခန့်ဖြစ်သော်ငြား မိုးအုံ့နေသော ရာသီဥတုကြောင့်  ကောင်းကင်ကြီးက မှောင်ပိတ်ကာ ပတ်ဝန်းကျင်သည်လည်း မှိုင်းပြပြပင်။

ဒီလိုအချိန်က လယ်ထဲဆင်းဖို့ အတော်ကို နောက်ကျနေပါပြီ။
သို့သော်ငြား တောင်စဥ်ရေမရသော အတွေးတို့ဖြင့်
ငတာယာ တစ်ယောက် တစ်ညလုံးအိပ်မရခဲ့သောကြောင့် အခုထိ မျက်လုံးက ပွင့်ဖို့ပင် မနည်းအရှိန်ယူနေရသည်။

အိပ်၍ရပြန်တော့လည်း ခါတိုင်းညတွေလို သေနတ်မှန်ပြီး သေတဲ့အိပ်မက်ကြီးက မက်နေတုန်း။

ဘယ့်နှယ့် သူလိုတောသားက သေရင် ကျွဲခွေ့လို့သေတာတို့၊ တောဝက်ပတ်လို့သေတာတို့ ၊ ထန်းပင်ပေါ်က ပြုတ်ကျပြီး သေတို့ ဖြစ်ရမှာပေါ့ ။

အခုဟာက သူတခါမှတောင် မမြင်တွေ့ဖူးတဲ့ သေနတ်ဆိုတာကြီး မှန်ပြီးသေရတယ်လို့ ။
သူသေပြီဆိုတာနဲ့ သိပ်ချောပြီးသိပ်ခန့်တဲ့ လူကြီးကလည်း သူ့ကိုဖက်ဖက်ပြီး ငိုလိုက်တာဆိုတာများ သူတောင် အဲ့လူကို ကြည့်ရင်း မောဟိုက်လာမိသည်။

ထို့အပြင် သူလန့်နိုးလာတိုင်း သူ့ပါးပြင်မှာ မျက်ရည်တွေကရွှဲနေတတ်ပြီး သူကိုယ်တိုင်ကလည်း မာရသွန်အပြေးသမားတစ်ယောက်လို မောပန်းလျက်။

ဘယ်လောက်ထိစဥ်းစား၊စဥ်းစား မမှတ်မိသော မှတ်ညဏ်တွေကို သူပြန်ဖော်ထုတ်မနေချင်တော့ပါ။
အဘ ပြောတာကတော့ သူ အပြင်းဖျားခဲ့ပြီး မှတ်ညဏ်တွေပါ ပျောက်သွားခဲ့တာ ၃နှစ်ရှိပြီတဲ့။

သူထင်သလို တောလိုက်ရင်း တောဝက်ပတ်ရာကနေ အသက်လုခဲ့ကြရတာလို့တော့ အဘကပြောတယ်။
အဲ့ကနေ နေပြန်ကောင်းတဲ့အထိ ကျုပ်က အဆင်ပြေတယ် ဆိုပဲ !
ပြီးခါမှ နေရင်းထိုင်းရင်းက ဒဏ်ရာအရှိန်ကြောင့် အပြင်းဖျားလေတော့ မှတ်ညဏ်တွေပါ ပျောက်သွားခဲ့တာတဲ့လေ။

His Star-သူ့ကြယ် [Complete] Where stories live. Discover now