အပိုင်း(၃၅)

34.9K 2.4K 253
                                    

(Unicode)

စိုးရိမ်ပူပန်​စရာတွေ လျော့နည်းသွားရပြီမို့ အနှစ်နှစ်အလလက ရရှိခဲ့သော် ဖိအားများလည်း သူ့တွင်မရှိတော့။

ဘယ်သူ့အမိန့်မှ နာခံစရာမလိုဘဲ TOXINမှာ သူကအရှင် သူသာသခင်အဖြစ် အုပ်ချုပ်နိုင်ပြီ။ ဒါတွေအားလုံးဟာ ချစ်ရသော အမျိုးသားငယ်လေး၏ ကြိုးစားအားထုတ်မှုများကြောင့်သာ။

မောင်ဟာ သူ့ကို သူမှန်းစ ထားတာတွေထက် ပို၍ အထောက်အကူပြုခဲ့သည်။
သူက မောင့်ကို အထင်သေးခဲ့မိလေသားမသိ။

မောင့်အနေနဲ့ လုပ်သွားပြန်တော့ အရာရာဟာ လွယ်နေသယောင်ပင်။

ထိုအာဏာသိမ်းလိုက်သည့် အခြေအနေကြီးအပြီးမှာ သူတို့၆ယောက်ဟာ အမြဲလိုလိုအတူရှိနေခဲ့ကြသည်။

ရံဖန်ရံခါ Davidခမ်းက သူတို့ဆီကိုလာနေလျက်ရှိသော်လည်း သူကတော့ ထိုအမျိုးသားကို သိသိသာသာရှောင်နေခြင်းမဟုတ်သော်ငြား စိတ်နှစ်၍ မပေါင်း။

ယခုလည်း စီစဥ်စရာရှိသည်တို့ကို စီစဥ်လျက် ၆ယောက်သားသာ စံအိမ်ရှေ့ Mini Garden လေးတွင် စုံဖြစ်နေကြသည်။

နားနေဆောင်ပါဝင်သော ထိုဥယျာဥ်ကလေးသည် ခိုင်မြဲသက္ခအတွက်တော့ အမြဲလိုလို စိတ်ကြည်လင်စေသည့် နေရာကလေးဖြစ်ခဲ့၏။

"မင်္ဂလာပွဲကိစ္စက အတည်ပြောတာနော်!
ကိုလက်ယာလည်း အသက်အရွယ်ရနေတာမို့ ဟောဒီက ညီလေးကပဲ ဦးစီးဦးဆောင်လုပ်ပြီး ဆောင်ပေးချင်တာ "

ခိုင်မြဲသက္ခက sobranie black ကို ဟန်ပါပါ ရှိုက်လိုက်ရင်း သူ၏ သဘောထားအားပြောလာ၏။

နန္ဒမင်းမောင်က ခိုင်မြဲသက္ခ၏ စကားအားကြားလေတော့ သဘောတကျပြုံးကာ လက်ယာသက္ခ၏ လက်မောင်ကို ဖက်တွယ်ထားရင်းမှ,

"ငါနဲ့ကိုကြီး တိုင်ပင်ပြီးသွားပြီ
ဒီကိစ္စကြီးတွေပြီးမှပဲ စိတ်အေးလက်အေးနဲ့ မင်္ဂလာပွဲလေး လုပ်ကြမလားလို့လေ "

နန္ဒမင်းမောင်က ထိုသို့ပြောလာတော့ လက်ယာသက္ခကကလည်း ပြုံးကာ ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။

ခိုင်မြဲသက္ခက လက်မခံပါဘဲ ခေါင်းလေးရမ်းကာ၊ရမ်းကာဖြင့် တုန့်ပြန်လာ၏။

His Star-သူ့ကြယ် [Complete] Where stories live. Discover now