(Unicode)ရွေးချယ်စရာတွေ များလွန်းသည့်အခြေအနေကို လူအချို့က သဘောတကျဖြစ်ကြ၏။
သို့ပေမယ့် တစ်ချို့အချိန်တွေမှာ ရွေးချယ်စရာတွေဟာ ဘေးကြပ်နံကြပ်နိုင်စွာ ရှိနေတတ်သည်။
ဥပမာအားဖြင့် အရေးပါသော အရာနှစ်ခုအား တစ်ခုကိုသာရွေးချယ်ရမည်ဆိုလျှင် ကျန်တစ်ခုက အလိုအလျောက်စွန့်လွှတ်ပြီးသား ဖြစ်ရလိမ့်မည်။
တစ်ခေတ်ဦး၏ ယခုအခြေအနေသည်ကား ထိုကဲ့သို့ပင် ။
သူ့အားအလိုလိုက်အကြိုက်ဆောင်ခဲ့သော ဖခင်ဖြစ်သူနှင့် သူ့အတွက် ဘာမဆို အလျှော့ပေးပြီး လိုတရ ဖြည့်ဆီးပေးတတ်တဲ့ သူငယ်ချင်း။
တစ်ယောက်ကိုပဲရွေးလိုက်လျှင် သူမတရားရာကျလိမ့်မည်။
သွေးသားအရင်းပေမို့ ဖခင်ဖြစ်သူဘက်မှ နေရမည်ကိုသူသိသော်လည်း ဖခင်ဖြစ်သူက သူလိုအပ်ချိန်တိုင်း အနားရှိမပေးခဲ့။သွေးရင်းထက်ပိုပြစ်တဲ့သွေးတွေများ ပေါင်းစည်းထားလေသလား!
ခိုင်မြဲသက္ခဟာ အမြဲတမ်း သူ့ဘေးအနားရှိနေပေးခဲ့တဲ့ သူပဲ။ပြီးတော့ ခိုင်မြဲသက္ခနဲ့နိမိတ်ရဲ့ပြောပြချက်အရ ဒါတွေဟာ သူ့အဖေစ,တင်ခဲ့တဲ့ အကြောင်းအရာတွေတဲ့လေ။
သူဘယ်လိုမျက်နှာနဲ့မှ ခိုင်မြဲသက္ခကို ပြန်မပြောနိုင်ခဲ့ ။
အကြောင်းတစ်ခုခုကြောင့် ဂိုဏ်းရှင်းပွဲတွေများ မဖြစ်မနေဖြစ်လာခဲ့ရရင် ဖခင်ဖြစ်သူ၏ အသက်အား ထိန်ချန်ပေးပါဟုသာ သူခိုင်မြဲသက္ခအား တောင်းဆိုခဲ့ရသည်။
စိတ်တွေဟာ ထွက်ပေါက်လေးအသေးလေးပင်မရှိ။ မွန်းကြပ်နေခဲ့သည်။
နန္ဒဦးမောင်ဆိုသည့် သူချစ်ရသူ တရားသမားကြီးဟာလည်း သူ့ဘက်မှ
မစလျှင် တုပ်တုပ်လှုပ်မည့်ပုံမရှိ။သူ့ဆန္ဒအတိုင်းဆို အကိုနဲ့တစ်အိုးတစ်အိမ်ကလေးထူထောင်ပြီး စာလေးရေးလိုက်၊ပန်းချီလေးဆွဲလိုက် ခွေးလေးတွေမွေးပြီး ခွေးလေးတွေကျောင်းလိုက်ဖြင့် အေးဆေးတည်ငြိမ်သောဘဝတွင်နေချင်မိ၏။
ဂိုဏ်းကိစ္စတွေကို သူ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့။ ဒီလို အရှုပ်အရှင်းကိစ္စတွေဆို ပိုလို့တောင် ဝေးပါသေးသည်။
YOU ARE READING
His Star-သူ့ကြယ် [Complete]
Action"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️