(Unicode)
ယနေ့ ရာသီဥတုအခြေအနေသည် ယမန်နေ့များနှင့် မတူကွဲပြားစွာ နေသာနေပြီး နေ၍ထိုင်၍ အတော်ကောင်းလှ၏။
ထို့အတူ သည်နေ့သည်က သူတို့အိမ်တွင် လူစည်မည့်နေ့ဆိုလျှင်လည်း မမှား။
အကြောင်းကိစ္စသည်က မြဲရဲ့သူငယ်ချင်းတွေ
ဒီနေ့ ဒီရွာကို လာကြမည်တဲ့လေ။မြဲ ဒီရွာလေးကိုရောက်လာခဲ့တာ ၁လဝန်းကျင်လောက်ရှိနေခဲ့ပြီး သူကိုယ်၌ကလည်း သူ၏ အတိတ်ကို ရေးတေးရိပ်တိတ်မျှ မှတ်မိသလိုရှိလာရသည်။
ဥပမာအားဖြင့် မြဲက သူအတိတ်ကပြောခဲ့ဖူးတဲ့ စကားတွေကို ပြောလိုက်တာမျိုး၊ အတိတ်ကအပြုအမူတွေနဲ့ ထပ်တူကျတဲ့ ကိစ္စရပ်ကို လုပ်လိုက်တာမျိုး..အဲ့လိုတွေဆိုရင် သူထိုကိစ္စများဖြစ်ပျက်ခဲ့သည်ကို မှတ်မိရင်း ပုံရိပ်အချို့ကိုပါ ယှဉ်တွဲမြင်လာရတတ်သည်။
ယခု သူနဲ့မြဲက ခြံထဲရှိ ကွပ်ပစ်ကလေးပေါ်တွင် ထိုင်နေလျက် မြဲရဲ့သူငယ်ချင်းများအလာကို စောင့်နေကြခြင်းဖြစ်၏။
ရွာထိပ်မှာ မစောင့်ရတဲ့အကြောင်းကတော့ ရှင်းပါသည်။
သူတို့အိမ်ကိုက ရွာလယ်လမ်းအတိုင်းတောက်လျှောက် လာပြီးလမ်းဆုံးမှ ဘယ်ဘက်ကွေ့တာနှင့်တွေ့ရသောကြောင့် ရှာရန်မခက်လှ။
ထို့ကြောင့်လည်း အထွေအထူး သွားကြိုမနေတော့ခြင်းဖြစ်၏။"မောင်..ဒီလူတွေကလေ မြဲအတွက်တင်မဟုတ်ဘူး၊ မောင့်အတွက်ပါ အရေးပါခဲ့တဲ့သူတွေ သိလား မောင်မမှတ်မိရင်တောင်း မစိမ်းကားပါနဲ့နော်ကွာ"
ချစ်ရသူက သူ၏ ပုခုံးလေးအား ကိုင်ရင်း သူသိပ်သဘောကျရသည့် အပြုံးလေးဖြင့် သူ့အား အသာအယာ နားချသည်။
ချစ်ရသူက ကြံဖန်စိတ်ပူတတ်ရန်ကော။
သူက မမှတ်မိရင်တောင် ချစ်ရသူအတွက် အရေးပါတဲ့သူတွေမို့ အလေးထားဆက်ဆံမှာပင်ဖြစ်သည်။သူကလည်း စိတ်ပါလက်ပါ ပြုံးရင်းမှ ချစ်ရသူအား မျက်စိမှိတ်ပြလိုက်ခါ,
"စိတ်ချပါ မြဲရဲ့၊ မြဲအတွက်အရေးပါတဲ့သူက မောင့်အတွက်အရေးပါတဲ့သူပဲလေ !"
နိမိတ်က ချစ်ရသောအမျိုးသားလေး စိတ်အေးစေဖို့ ထိုသို့ပြောလိုက်ခါမှ သူတွေးထင်ထားသလိုပင် ချစ်ရသူလေးက သက်ပြင်းချကာ သူ့အား ကျေနပ်စွာ ပြုံးပြလာသည်။
![](https://img.wattpad.com/cover/310201289-288-k288456.jpg)
YOU ARE READING
His Star-သူ့ကြယ် [Complete]
Ação"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️