TOXIN အိမ်တော်ကြီးသည် ယခင်အချိန်အခါများနှင့် မတူ နံနက်စောစော၌ပင် ရယ်မောသံတို့ဖြင့် ဆူကာညံကာရှိလှသည်။
"ဒီဒီ ဒီဒီ ယံယံ့ရှီ ရာဦး ဟင့် "
"ဒီဒီမဟုတ်ဘူး ယံယံလေးရဲ့ ဒယ်ဒီ!
လိုက်ဆိုကြည့် ဒယ် ဒီ ""ဒီီဒီ ဒီဒီ "
"ဟော ! ယံယံ ဖေဖေသင်နေတယ်လေကွာ
သေချာပြော "နိမိတ်က သူ့ရှေ့ရှိ ကလေးငယ်လေးအား ကိုင်၍ပင် ဆောင့်ပစ်ချင်လာသည်။
ကလေးသူငယ်ဆိုတာ အိမ်ရဲ့ ဆည့်လည်းလေးဆိုတာ မှန်ပေမယ့် သူ့လိုလူကြမ်းလေးအတွက်တော့ တကယ်အမြင်ကပ်ချင်စရာ သတ္တဝါလေး!
မြဲက ဘာကြောင့်များ ဒီလို သတ္တဝါလေးတွေကို ချစ်တတ်သလဲ မသိ ။
သူကတော့ အမြင်ကတ်လွန်း၍ ယခုပင် သူ့ကိုယ်သူ ယံယံဟုပြောနေသည့် ဆယ်ဘစတီယံဆိုသော ပိစိလေးကို ကိုင်ပေါက်မိတော့မည်။"ဒီဒီရေ ဖီဖီက ယံယံကို အော်သယ် ဟင့် ဖီဖီနဲ့ယံယံခေါ်ဝူး ဟင့် "
"ဆယ်ဘစတီယံ ! ဖေဖေက ငိုတာမကြိုက်ဘူးနော် ၊ဘယ်မှာဖေဖေက အော်နေလို့လဲ "
"ခုအော်သာရေ ဖီဖီက ဟင့် ယံယံကို အော်သာ"
အော်ပင်မပေါ်ရသေးပါဘဲ အာပြဲကြီးနှင့် အော်နေပြီဖြစ်သော စတီယံ့ကြောင့် နိမိတ်က ခြေမကိုင်မှီ လက်မကိုင်မှီ ဖြစ်သွားရသည်။
မြဲက ထိုပိစိလေးကို သိပ်ချစ်၏။
အစည်းအဝေးတစ်ခုလုပ်တုန်း ခဏပဲသူ့ကိုကြည့်ခိုင်းထားခဲ့ခြင်း ။
မငိုစေပါနှင့်ဟုလည်း အသေအချာကို မှာထားခဲ့သည်သာ ။နိမိတ်ကိုက ထိုပိစိလေးနှင့် ယခုတိုင် အသားမကျသေး ။
ထိုပိစိလေးကို မွေးစားဖို့ခေါ်လာစဥ်က အနှီးထုပ်ကလေးဖြင့် ။လူအယောက်(၁၀၀)မက သတ်ခဲ့ဖူးတဲ့ သူ့လိုလူက ထိုအနှီးထုပ်ကလေးကို တုံတုံယင်ယင် ကိုင်ကြည့်ခဲ့ရသည်။
သွေးသားအရင်းအချာမဟုတ်သော်ငြား ထိုကလေးလေးအား ဆယ်ဘစတီယံ ဟုလည်းကောင်း ၊တံခွန်သက္ခ ဟုလည်းကောင်း မှည့်ခေါ်ခဲ့ကြ၏။
တံခွန်ဟူသည် ကြယ်တာယာတို့အား ကိုယ်စားပြုပြီး သက္ခဆိုသည်က "TOXIN"ကို ကိုယ်စားပြုသည်။ သို့သော်ငြား ဆယ်ဘစတီယံ ကသာ အိမ်နာမည်လို ဖြစ်နေပြီး ကောင်ငယ်လေးက သူ့ကိုယ်သူလည်း ယံယံဟုသာ သုံးနှုန်းသည်။
YOU ARE READING
His Star-သူ့ကြယ် [Complete]
Acción"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️