အပိုင်း(၂၃)

43.7K 3K 316
                                    


(Unicode)

ချစ်ခြင်းမေတ္တာဟာ သိပ်ကို နားလည်ရခက်၏။
နွေးထွေးခြင်းနှင့်အတူ ရင်ခုန်လှိုက်ဖိုခြင်းတိုကပါ တွဲလျက်ပါလာပြီးသား။

ချစ်ရသူက သူ့ကို ကြည်ကြည်နူးနူးလေး ငေးကြည့်တဲ့အခါ ခံစားချက်နှစ်ခုကို တပြိုင်တည်းခံစားရတယ်။

သူ့နှလုံးသားလေးက နွေးထွေးနေပြီး သူ့လက်ဖျားခြေဖျားတွေက အေးစက်လို့ရယ်ပေါ့။

မောင်...။
ချစ်ခြင်းမေတ္တာအကြောင်းကို ဦးနှောက်က တွေးတောလိုက်ရင် နှလုံးသားထဲက ကျလာမယ့် အမည်နာမလေးက "မောင်" ရယ်ပါ။

မကောင်းမှုတွေနဲ့ မွေ့လျော်ခဲ့တဲ့သူ့ဘဝမှာ မောင်က သူအတိတ်မှာပြုဖူးတဲ့ ကောင်းမှုလေးထင်ရဲ့။ ထူးထူးခြားခြား မောင့်ကိုမြင်တိုင်း သူဟာ အလဲလဲအကွကွဲဖြစ်ရတယ်။

အိပ်နေရင်းတောင် ပုံကျနေတဲ့ ဆံပင်အလိပ်လိပ်လေးတွေက ထိုးဖွချင်စရာ။
မျက်ခုံးမွှေးတွေက ထူထဲပြီး ​တန်းတန်းကြီးရှိနေတာ သူ့အတွက်တော့ မရိုးနိုင်တဲ့ အနုပညာတွေလိုပဲ။

အသဲတယားယားနဲ့ မောင့်နှာတံစင်းစင်းလေးကို တို့ထိလိုက်တော့ မောင်က ဆတ်ကနဲ နိုးလာပြီး သူ့လက်ကို ဖမ်းချုပ်ကာ တစ်ဖက်ဆွဲလှည့်လိုက်သည်။

အိပ်နေတာတောင် ချက်ချင်း အသိနဲ့သတိကပ်နိုင်တဲ့ ၁၉နှစ်သားကောင်လေးကို သူမချီးကျူးပဲမနေနိုင်။

မောင်က ပြီးခါမှ သတိကပ်စွာ အယောင်ယောင်အနနဖြင့် သူ့လက်အား လွှတ်ပေးရင် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ နူးညံ့စွာ စကားဆိုသည်။

"မြဲ...နိုးနေတာလား၊မောင် မြဲကို တစ်ခုခုလုပ်လိုက်မိရင် ဘယ်လိုလုပ်မလဲ ကျစ်! မောင်က မကောင်းလိုက်တာ"

နိမိတ်က ထို့သို့ပြောရင်း မျက်နှာက မှိုင်ကျသွားတော့ သူ့ဘက်က ပြာပြာသလဲ ရှင်းပြရတော့သည်။

"မဟုတ်တာ! ငါကသာ မောင့်ကို သာမာန်မဟုတ်ဘဲ ခိုးပြီး တို့ထိမိလိုက်တာကိုး၊ မောင် သတိရှိတာ ကောင်းတဲ့ဟာပဲ!"

မောင်က သူ့ကို ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြီး သူ့ဆံပင်တွေကို ဖွပေးတယ်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now