Uni
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် -1
____________________________________Pansyပန်းလေးကပြောတယ် ကိုယ််မင်းကိုသိပ်ချစ်တာသိပါရဲ့လားတဲ့။တဖတ်သတ်အချစ်တွေသိပ်မျက်နှာငယ်ရတယ်အချစ်ရယ်။
ကိုယ်ဒီနေ့အပျင်းပြေစာအုပ်ဆိုင်လေးဆီထွက်လာခဲ့တယ်။စာအုပ်ဆိုင်ရဲ့ထောင့်စွန်းကစားပွဲဝိုင်းလေးကကိုယ့်အပိုင်လေးပေါ့။ဒီနေ့ေတာ့မဟုတ်ခဲ့ဘူး။
ကိုယ်သဘောကျတဲ့စာအုပ်၃အုပ်လောက်ရွေးြပီးကိုယ့်အပိုင်နေရာလေးဆီလာတော့တစုံတယောက်ကနေရာဦးထားခဲ့သည်။
ကိုယ်လည်းသူ့ကိုဖယ်ခိုင်းမို့အနားကိုတိုးသွားမိတော့ကိုယ့်ခြေလှမ်းတွေအလိုလိုရပ်တန့်သွားခဲတယ်။
ဘေးတိုက်အနေထားလေးမှာမြင်လိုက်ရတဲ့မျက်နှာလေးကခန့်ညားထည်ဝါနေခဲ့တယ်။မပြုံးပေမဲ့ချိုသာနေတဲ့မျက်နှာလေးကကိုယ့်အသက်ရှုသံတွေရပ်တန့်သွားဖို့လုံလောက်တဲ့အဖြေဖြစ်ခဲ့တယ်။
ကိုယ်သူ့ကိုအကြာကြီးရပ်ကြည့်နေခဲ့မိတယ် မဟုတ်သေးဘူး ကိုယ့်အသိစိတ်တွေခနတာလွင့်သွားခဲ့ရပြီ။အဲ့ဒါအချစ်ဦးမဟုတ်တဲ့အချစ်ဆုံးမင်းလေးကြောင့်ဘဲ။
ခနအကြာတော့မင်းလေးကထိုင်ခုံကထသွားပြီးစာအုပ်ကိုနေရာတကျပြန်ထားကာထွက်သွားခဲ့သည်။ကိုယ်မင်းအနောက်ကတိတ်တိတ်လေးလိုက်ခဲ့တယ်။မင်းကကော်ဖီဆိုင်လေးတဆိုင်ထဲဝင်သွားတယ် ပြီးတော့Black coffeeတခွက်ကိုမှာခဲ့တယ်။ကိုယ်လည်းကောင်တာကိုအမြန်ပြေးသွားခဲ့တယ်။
" ဟိုလေ ခုနကကောင်လေးမှာသွားတဲ့ကော်ဖီတခွက်ပေးပါနော် "
" ဟုတ်ကဲ့ပါရှင့် "
ကိုယ်လည်းမင်းနဲ့မျက်နှာခြင်းဆိုင််စားပွဲဝိုင်းလေးမှာဝင်ထိုင်ပြီးမင်းကိုငေးကြည့်နေမိတယ်။ ရုတ်တရပ်မင်းကမော့ကြည့်လာတော့ကိုယ့်မှာအယောင်ယောင်အမှားမှားနဲ့လက်ထဲကစာအုပ်ကိုကောက်ဖတ်လိုက်သည်။
မင်းကကိုယ့်ကိုတချက်ကြည့်ကာခေါင်းခါရင်းရယ်လိုက်သည်။မင်းရဲ့အပြုံးလေးကြောင့်ကိုယ်အံ့သြကာထပ်ငေးရပြန်သည်။