21

601 28 3
                                    

Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-21


______________________________________

ထိုမိန်းကလေးကြောင့်အကိုကအနေရခက်နေသည်။မပြတ်မသားအားနာသလိုခါးပါသလိုလုပ်နေတာပိုးမြတ်မကြိုက်ပါ။ထို့ကြောင့်ကားထဲဘဲဝင်ထိုင်နေလိုက်သည်။

" သံစဉ် ကိုယ့်ကိုလွှတ်ပါအုန်း ကိုယ်သွားစရာလေးရှိသေးလို့ နောက်မှလာခဲ့မယ် "

" ညကျထမင်းလာစားမယ်လို့ကတိပေး အဲ့ဒါဆိုလွှတ်မယ် "

" ဟုတ်ပြီကတိပေးတယ် လွှတ်တော့နော် "

ထိုအခါမှသံစဉ်ဆိုတဲ့မိန်းကလေးကဆူအောင့်အောင့်နဲ့လွှတ်ပေးသည်။

" ဒါနဲ့ခုနကဘယ်သူလဲကိုကို ! "

ကားမှန်ဖွင့်ထားတာမို့ပိုးမြတ်ကြားနေရသည်။အကိုဘယ်လိုပြန်မဖြေလဲဆိုတာလည်းနားစွန့်နေမိသည်။

" ကိုယ့်မိန်းမ "

"  ရှင် ! "

အကိုအဖြေကြောင့်ပိုးမြတ်ရောဟိုမိန်းကလေးပါမျက်လုံးပြူးသွားရသည်။အကိုကဖြေပြီးတာနဲ့ကားပေါ်တက်လာပြီးမောင်းထွက်သွားသည်။ဟိုမိန်းကလေးမှာကြောင်အမ်းကာကျန်ခဲ့သည်။ကားပေါ်ရောက်တော့တိတ်ဆိတ်နေမိသည်။

" အေးတယ်မဟုတ်လားချာတိတ် "

" အွန်း "

အကိုကကားကိုလမ်းဘေးတနေရာထိုးရပ်လိုက်သည်။

" ချာတိတ် ကိုယ့်ကိုကြည့်ပါအုန်း "

အကိုကပိုးမြတ်ကိုဆွဲလှည့်လိုက်တာကြောင့်အကိုနဲ့ပိုးမြတ်မှာမျက်နှာချင်းဆိုင်ဖြစ်သွားသည်။ရာသီဥတုအေးအေးတာကြောင့်နှာခေါင်းတွေနားရွက်တွေနီရဲနေသည်။

" ကိုယ့်ပေါ်အရင်လိုခံစားချက်မရှိတော့ဘူးလားချာတိတ် "

အကိုအမေးကိုမဖြေနိုင်ပါ။ဒီလိုတွေဖြစ်စေခဲ့တာအကိုကိုယ်တိုင်ဘဲမဟုတ်လား။

" အေးတယ် မြန်မြန်မောင်းအနွေးထည်ကသိပ်မအေးဘူးအကို "

" စကားလမ်းကြောင်းမလွှဲနဲ့ချာတိတ် ကိုယ်မေးတာဖြေ ! "

ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် (ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်)Where stories live. Discover now