7

515 26 0
                                    

Uni
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည်-7
___________________________________

ပိုးမြတ်ခန်းမအပြင်ထွက်လာတော့ကောင်းဆက်ကထိုင်ခုံပေါ်မှထိုင်ကာငေးငိုင်နေသည်။ ကောင်းဆက်အနားသွားကာကျောပြင်ကိုဖွဖွလေးပွတ်ကာနှစ်သိမ့်ပေးလိုက်သည်။

" သူငယ်ချင်းအဆင်ပြေရဲ့လား "

" အွန်း "

" ခနနေလို့ပြိုင်ပွဲရလဒ်ထွက်ပြီးရင် ငါတို့မုန့်တခုခုသွားစားကြမလား "

" အွန်း "

ကောင်းဆက်ကိုကြည့်ကာသက်ပျင်းချမိသည်။ ခံစားချက်တဲ့သူတွေချင်းမို့ငါနင့်ကိုနားလည်ပါတယ်။

ခနနေတော့ပြိုင်ပွဲရလဒ်ကြေညာဖို့တွက်ပိုးမြတ်တို့ခန်းမထဲပြန်ဝင်လာခဲ့ကြသည်။

" ကဲ အမှတ်အများဆုံးနဲ့ပြိုင်ဘက်ကင်းအနိုင်ရသွားသူကတော့.....ပိုးမြတ်နိုးဖြစ်ပါတယ် လက်ရာသေသပ် ပြောင်မြောက်မှုနဲ့အတူအနိုင်ရသွားပါတယ် "

ဖြောင်း ! ဖြောင်း ! ဖြောင်း !

လက်ခုပ်တီးအားပေးမှုတွေနဲ့အတူပိုးမြတ်အကိုကိုယ်လှမ်းကြည့်လိုက်သည်။အကိုကပြုံးကာပိုးမြတ်ကိုကြည့်နေပြီလက်ခုပ်တီးနေသည်။ပိုးမြတ်လည်းပြုံးမိကာဆုတက်ယူပြီးပွဲပြီးစေခဲ့သည်။

ပွဲပြီးတာနဲ့မြန်မြန်ဘဲခန်းမအပြင်ပြန်ထွက်ခဲ့သည်။အပြင်မှာကောင်းဆက်ကထိုင်စောင့်နေသည်။

" သွားမယ်လေသူငယ်ချင်း ! "

" အွန်း "

" ပိုးမြတ်ရေ နေပါအုန်း ! "

သွားခါနီးမှအနောက်ကခေါ်သံကြောင့်လှည့်ကြည့်တော့ဆွေးနဲ့အကိုပင်။အကိုလက်မောင်းကိုချိတ်ထားတဲ့ဆွေးလက်တွေကလွှတ်မည့်ပုံပင်မပေါ် ကောင်းဆက်ကထိုမြင်ကွင်းကိုမကြည့်ချင်သည့်အလားထိုနေရာမှထွက်သွားခဲ့သည်။

" ဟင် ကောင်းဆက်ကဘာဖြစ်သွားတာလဲပိုးမြတ် ! ဆွေးကိုတောင်မနှုတ်ဆက်သွားဘူး "

" အာ အဲ့ဒါသူခေါင်းနည်းနည်းမူးနေလို့ပါ အဲ့ဒါကြောင့်သွားအနားယူတာပါ "

" သြော် ဒါနဲ့ပိုးမြတ်တော်တယ်သိလား ကိုကိုပုံကိုတပုံစံထဲတူအောင်ဆွဲနိုင်တယ် "

ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် (ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်)Where stories live. Discover now