Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-14
___________________________________ဒီနေ့တရက်နေပြီးမနက်ဖန်ရန်ကုန်ကိုပြန်ကြမည်ဖြစ်တာကြောင့်ဒီနေ့တော့ပုဂံမှာပျော်ပျော်ပါးပါးလျှောက်လည်ကြဖို့ဆုံးဖြတ်ထားကြသည်။ပုဂံဂိုက်ရဲ့လမ်းညွှန်မှုဖြင့်မိုးပျံပူဖောင်းစီးဖို့ထွက်ခဲ့ကြသည်။
တာဝန်ရှိသူတွေပူဖောင်းကိုစစ်ဆေးနေချိန်သစ်ဝေတို့ဘေးမှာခနရပ်စောင့်နေရသည်။အမှတ်မထင်ဘေးမှာရပ်နေတဲ့ကောင်လေးကြောင့်သစ်ဝေပျော်ရွှင်သွားသည်။
" ဟယ် အေးချမ်းအောင် ! "
နာမည်ခေါ်သံကြားလို့အေးချမ်းအောင်လည်းသစ်ဝေကိုလည်းလှည့်ကြည့်လိုက်သည်။
" ဪ မနေ့ကကောင်မလေး "
" ဖုန်းနံပါတ်ပေးခဲ့တာ ဘာလို့မဆက်တာလဲ ! တို့မင်းဖုန်းကိုစောင့်နေတာသိရဲ့လား ! "
ရုတ်တရပ်ပိတ်ဟောက်ခံလိုက်ရတာမို့အေးချမ်းအောင်စွံ့အသွားသည်။အေးချမ်းအောင်ရဲ့သူငယ်ချင်းတွေလည်းသစ်ဝေကိုကြောင်ကြည့်နေကြသည်။
" သစ်ဝေမ ဟဲ့နည်းနည်းပါးပါးအားနာပါအုန်း "
မေခတ်ကဘေးကနေဝင်ပြောမှသစ်ဝေလည်းလေသံကိုလျော့လိုက်သည်။
" ဟို ကျွန်တော်မနေ့ကဖုန်းနံပါတ်ပေးလိုက်တဲ့စာရွက်ပျောက်သွားလို့ပါ "
" ပျောက်သွားတယ် ! "
" ဟုတ် ဟုတ်ကဲ့ "
" မင်းဖုန်းပေးအေးချမ်းအောင် ! "
" ဗျာ ! "
" ဖုန်းပေးလို့ ! "
အေးချမ်းအောင်လည်းခပ်မြန်မြန်သူ့ဖုန်းကိုသစ်ဝေဆီပေးလိုက်သည်။သစ်ဝေကသူ့ဖုန်းနံပါတ်ဆီအေးချမ်းအောင်ဖုန်းနဲ့ခေါ်လိုက်သည်။
" ကဲအခု နံပါတ်မှတ်ထားလိုက်ပြီး မင်းဖုန်းနံပါတ်လည်းတို့ဆီရောက်ပြီ ညကျခေါ်လိုက်မယ် ဖုန်းကိုင်နော် "
" ဟုတ် ဟုတ်ကဲ့ "
" ချစ်စရာလေး "
လက်ရဲဇက်ရဲသစ်ဝေကြောင့်မေခတ်မျက်နှာတွေမီးလိုပူနေရသည်။ခနနေတော့ပိုးမြတ်ရောက်လာတာမို့မေခတ်လည်းပြေးကာတိုင်သည်။