Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-12
_____________________________________တန့်ကြည်တောင်မှာဘုရားဖူးပြီးဒီဘက်ဆိပ်ကမ်းကိုပြန်လာကာဗူးဘုရားရယ် တုရင်းတောင်ရယ် လောကနန္ဒစွယ်တော် ရွှေစည်းခုံ စွယ်တော်လေးဆူကိုအမှီဖူးခဲ့သည်။စွယ်တော်လေးဆူပြည့်အောင်ဖူးပြီးဆုတောင်းရင်ပြည့်တယ်ဆိုတာကြောင့်ပိုးမြတ်လည်းနောက်ဆုံးဖူးမျှော်ရမည့်ရွှေစည်းခုံဘုရားမှာဆုတောင်းခဲ့သည်။
ပေးသောအချစ်သည်စစ်မှန်၍ရသောအချစ်သည်နာကျင်မှုကင်းရပါစေမြတ်စွာဘုရား။
ဆွေးတို့လည်းသူတို့သွားချင်တဲ့နေရာဘုရားပေါ်မှာလျှောက်ကြည့်နေကြသည်။ပိုးမြတ်လည်းမုန့်ဝယ်ရန်မုန့်တန်းဘက်ကိုလျှောက်လာကြသည်။မုန့်တန်းမှာမုန့်ဝယ်ရင်းဘေးနားကရင်းနီးနေတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့တီချယ်ပင်။တီချယ်ကပိုးမြတ်ဘဝတွက်သိပ်ကိုကောင်းတဲ့အမတစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုဆရာမတစ်ယောက်လိုပင်။
" တီချယ် ! "
" ပိုးမြတ် ! "
တီချယ့်ကိုပြေးဖက်လိုက်သည်။တီချယ်ကလည်းပိုးမြတ်ကိုပြန်ဖက်ထားသည်။
" လွမ်းလိုက်တာတီချယ် သင်တန်းပြီးထဲကဘဲ အပြင်မှာခုမှထပ်တွေ့ရတော့တယ် "
" အမယ်လေးနော်လိုင်းပေါ်မှာကျညတိုင်းလာလာချွဲနေပြီးတော့ "
" ဟီးဟီး ဒါနဲ့တီချယ်ဘယ်သူတွေနဲ့လာတာလဲ "
" တီချယ့်သူငယ်ချင်းတွေနဲ့လေ ပိုးမြတ်တို့ရော "
" ကောင်းဆက်တို့ ဆွေးတို့ မေခတ် သစ်စေ အကုန်ဘဲတီချယ် "
" ဟုတ်လားတီချယ့်ကလေးတွေကိုတွေ့ချင်နေတာ "
နွေရာသီပိတ်ရက်တွေမှာတုန်းကပိုးမြတ်တို့တသိုက်ကိုရီးယားစာသင်တန်းတက်ခဲ့သည်။ထိုမှတီချယ်နဲ့ရင်းနီးခဲ့သည်။အသက်၂နှစ်ဘဲကွာတာကြောင့်သူငယ်ချင်းပေါင်းဘဲပေါင်းဖြစ်ကြသည်။
" တီချယ်တို့ဘယ်ဟိုတယ်မှာတည်းတာလဲ "
" ပုဂံသူဟိုတယ်မှာ "