Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-15
_____________________________________ဒီမနက်ပုဂံကနေပြန်ကြမှာမို့အထုတ်အပိုးတွေသိမ်းဆဲနေကြသည်။
" ချာတိတ် "
ကားပေါ်အဝတ်ထုတ်တွေတင်နေတုန်းအကိုခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။
" ဟုတ်ကဲ့ "
" ရော့ "
အကိုကမ်းပေးလာတဲ့အရာလေးကသစ်တုံးသေးသေးလေးတွေအပေါ်မှာသစ်ရွက်ပုံလေးတွေထွင်းထားပြီးအလယ်မှာစွယ်တော်ရွက်တခြမ်းပုံလေးနဲ့ဆွဲကြိုးလေးပင်။
" ဒါက "
" ချာတိတ်အတွက်ကိုယ်ဝယ်ထားတာ လက်ဆောင်မပေးရသေးဘူးလေ "
" ရပါတယ် "
" လက်ခံပေးပါလက်ဆောင်ပေးရင်မငြင်းရဘူးလေ "
အကိုရဲ့စကားကြောင့်ပိုးမြတ်လည်းဆွဲကြိုးလေးကိုသေချာကြည့်မိသည်။
" စွယ်တော်တရွက်ကဘာအဓိပ္ပါယ်လဲအကို "
" အသဲတခြမ်းတဲ့ "
တခါတလေကျအကိုစကားတွေကပိုးမြတ်ကိုဝေဝါးစေသည်။စကားကောင်းနေကြတုန်းဆွေးတို့ကောင်းဆက်တို့ရောက်လာတာကြောင့်အရှိန်ဖျက်လိုက်သည်။
" ဆွေး "
အနောက်ကကောင်းဆက်ခေါ်တာကိုဆွေးကလှည့်မကြည့်ပေ။
" ဆွေး ငါ့ကိုစိတ်ဆိုးနေတုန်းလား "
ဆွေးကဘာမှမတုန့်ပြန်တာကြောင့်ကောင်းဆက်လည်းလက်လျော့လိုက်သည်။ကားပေါ်လူအကုန်ရောက်တာနဲ့ရန်ကုန်ကိုတောက်လျှောက်မောင်းနှင်လာခဲ့သညိ။ကားပေါ်၌အကုန်လုံးကအိပ်ပျော်နေပေမဲ့အောင်သုခတော့မအိပ်နိုင်ပါ။ဖုန်းကိုကြည့်ရင်းပြုံးကာတခုခုကိုစာပို့နေသည်။
ဆွေးလည်းတရေးလောက်ဖြတ်ခနဲနိုးလာတော့ဘေးကအောင်သုခကိုကြည့်ရင်းလက်ထဲကဖုန်းကိုပါကြည့်မိတော့တစ်ယောက်ယောက်နဲ့စကားပြောနေတာပင်။ဆွေးစာကိုသေချာဖတ်မိတော့ရင်ထဲအောင့်သက်သွားမိသည်။အီစီကလီဖလစ်နေတဲ့စာတွေပင်။ကိုကိုကိုယ်တိုင်လိုလိုလားလားနဲ့တုန့်ပြန်နေတာပင်။ကြည့်မိတော့ပြုံးရွှင်နေတာများသူမဟုတ်တဲ့အတိုင်းအဲ့မိန်းကလေးကဘယ်သူလဲဆွေးသိချင်မိသည်။