17

507 20 0
                                    

Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-17

____________________________________

အိမ်လိုက်ပို့ဖို့မသိတာကြောင့်သူ့ကွန်ဒိုဆီဘဲခေါ်သွားဖို့ဆုံးဖြတ်လိုက်သည်။

တီတီတီ

မမဖုန်းကမြည်လာတာကြောင့်သူ့အိမ်ကများလားလို့ကောက်ကိုင်လိုက်သည်။

" ဟယ်လိုချာတိတ် "

ချာတိတ်ဆိုတဲ့ခေါ်သံကြောင့်အေးချမ်းအောင်ရုတ်တရပ်ငြိမ်သက်သွားမိသည်။

" မမကမူးပြီးအိပ်ပျော်နေတယ် "

" မင်းကဘယ်သူလဲ ပိုးမြတ်နိုးကိုဖုန်းပေးလိုက် ! "

" ခများကိုအိပ်ပျော်နေတယ်လို့မြန်မာလိုပြောနေတာနော် ခများကရောဘယ်သူလဲ "

" ငါဘယ်သူလဲဆိုတာမင်းသိဖို့မလိုဘူး ပိုးမြတ်နိုးကအခုမင်းနဲ့ရှိနေတာလား ! "

အိပ်ပျော်နေတဲ့မမရဲ့ဆံပင်လေးကိုသပ်တင်ပေးလိုက်သည်။

" ဟုတ်တယ် "

" ငါအခုလာခေါ်မယ် မင်းတို့ဘယ်မှာလဲ ! "

" မလိုဘူး ! မမအိမ်ခများသိရင်ဘယ်မှာလဲသာပြော ကျွန်တော်သွားပို့ပေးလိုက်မယ် အနည်းဆုံးခများနဲ့တီချယ်ဆိုတဲ့မိန်းမထက်စာရင်ကျွန်တော်ကပိုစိတ်ချရမဲ့သူထင်ပါတယ် "

မိမိတို့အကြောင်းသိနေတယ်ဆိုတော့ချာတိတ်တွက်စိတ်ချရတဲ့သူဖြစ်လောက်မှာပါဆိုပြီးအောင်သုခလက်လျှော့လိုက်သည်။

" မင်းကဘာကောင်မှန်းမသိပေမဲ့ ပိုးမြတ်နိုးကိုဂရုစိုက်ပေးပါ နေရာက×××× "

အရင်တခါကပြန်လိုက်ပို့ဖူးတာမို့ချာတိတ်ရဲ့လိပ်စာကိုသူကောင်းကောင်းမှတ်မိသည်။တဖက်ကကောင်ကလိပ်စာပြောပြီးတာနဲ့ဖုန်းချသွားသည်။

" ချာတိတ်ရာမင်းဘာတွေလုပ်နေတာလဲကိုယ်စိတ်မချဘူး "

အိပ်ပျော်နေတဲ့မိန်းကလေးနိုးသွားမှာဆိုးလို့ကားကိုဖြေးဖြေးနဲ့မှန်မှန်လေးဘဲမောင်းနေသည်။အချစ်ဆိုတာဆန်းကြယ်တယ်ထင်တယ်မမ။ပထမဆုံးဧရာဝတီဆိပ်ကမ်းမှာတွေ့ဆုံခဲ့ရတဲ့နေ့ထဲကအေးချမ်းတဲ့အပြုံးလေးကိုကျွန်တော်မက်မောမိသွားတယ်။ချစ်နေမိပြီလားလို့တွေးနေမိတဲ့အချိန်မှာဘဲရင်ဘတ်အနက်ရှိုင်းဆုံးထိရောက်နေပြီ။ချစ်တယ်မမ။

ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် (ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်)Where stories live. Discover now