Uni
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည်-8
___________________________________အမူးသမားကောင်းဆက်ကိုအိမ်ပြန်ပို့ပြီးအကိုနဲ့ပိုးမြတ်တို့အတူပြန်လာခဲ့ကြသည်။တလမ်းလုံးကားဟာတိတ်ဆိတ်နေသည်။အကိုကသူ့ရဲ့အချစ်ဟောင်းအကြောင်းကိုပိုးမြတ်ကိုပြောပြလာတဲ့အပြင်သူမကိုပါမမေ့သေးကြောင်းပြောလာတော့ပိုးမြတ်ဘယ်လိုစိတ်ခံစားမှုနဲ့ပျော်နေနိုင်မှာလဲအကိုရယ်။
" ချာတိတ် ! "
" ရှင် "
" အိမ်ဘယ်နားမှာလဲ ကိုယ်လိုက်ပို့ပေးမယ် "
" ရပါတယ် ပိုးမြတ်ကိုစံရိပ်ငြိမ်မှာဘဲရပ်ပေးပါ အဲ့ဒီကနေဘဲBusနဲ့ပြန်လိုက်မယ် "
" ညမိုးချုပ်နေပြီ Busနဲ့ပြန်တာအန္တရာယ်ရှိတယ် ကိုယ်လိုက်ပို့ပေးမယ် မငြင်းနဲ့ ! "
" ဟုတ် ဟုတ်ကဲ့ကျေးဇူးပါအကို "
အိမ်နေရာကိုပြောပြပြီးပိုးမြတ်ကားပေါ်မှာတတဆိတ်သာထိုင်နေခဲ့သည်။
" ချာတိတ်နဲ့ဆွေးတို့ကခင်တာကြာပြီလား "
" ကြာပြီ "
" ဒါဆိုတစ်ယောက်စိတ်တစ်ယောက်သိကြမှာပေါ့ "
" အဲ့လောက်ထိလည်းအများကြီးမသိပါဘူးအကို "
" သစ်ဝေတို့နဲ့ရောအရမ်းခင်တာဘဲလား "
" ဟုတ်ခင်ပါတယ်အကို ဘာဖြစ်လို့လဲ "
" အွန်း ဒီလိုပါဘဲမေးကြည့်တာ ဒါနဲ့ချာတိတ်ကသိပ်လျှို့ဝှုက်လွန်းတယ်နော် "
" ရှင် ! ပိုးမြတ်ဘာတွေများလျှို့ဝှုက်မိလို့လဲ ! "
ပြူးတဲ့မျက်ဝန်းမဟုတ်ဘဲမျက်အိမ်ကျယ်တဲ့မျက်ဝန်းအညိုရောင်တွေကကျွန်တော့်ကိုမော့ကြည့်လာသည်။ဒီမိန်းကလေးတကိုယ်လုံးမှာအဲ့ဒီမျက်ဝန်းတွေကအလှဆုံးဘဲ။
" မင်းကကိုယ်တွေ့ဖူးသမျှမိန်းကလေးတွေထဲမှာသိပ်ကိုနားလည်ရခက်တယ် သိုသိုသိပ်သိပ်နေတတ်တယ် "
" ဟုတ်လားပိုးမြတ်အပြုမူကအကိုကိုယ့်စိတ်ပျက်စေခဲ့မိရင်တောင်းပန်ပါတယ် "
" ဟာ ! အဲ့လိုပြောတာမဟုတ်ဘူး ကိုယ်ပြောတာချာတိတ်ရဲ့ပုံစံလေးကရိုးရှင်းတယ်ရိုသားတယ် "