Uni
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် -2
_____________________________________မနေ့ကတိုင်းဒီအချိန်စာအုပ်ဆိုင်လေးကိုပြန်လာခဲ့သည်။အကြောင်းကတော့မင်းကိုများပြန်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့။
ကိုယ့်အပိုင်စားပွဲဝိုင်းလေးမှာထိုင်ရင်းမင်းအလာကိုမျှော်နေမိသည်။သို့သော်အချိန်တွေသာကုန်သွားသည်။မင်းကတော့ပေါ်မလာခဲ့ပေ။
" ပိုးမြတ်နိုးနင်ဘာတွေမျှော်လင့်နေတာလဲ နင်တို့ကခနလေးဘဲတွေ့ဆုံခဲ့တာနင်သူ့ကိုအဲ့လောက်ထိမစွဲလမ်းသင့်ဘူး ဟုတ်တယ်မစွဲလမ်းသင့်ဘူး ! "
ကိုယ့်ကိုပြန်အားပေးကာထိုနေရာလေးကထွက်သွားဖို့ပြင်လိုက်သည်။ဦးနှောက်ကသွားခိုင်းနေပေမဲ့လူကတော့ထိုနေရာမှမခွာချင်ခဲ့။မင်းရောက်လာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့။
ဒါပေမဲ့လည်းစိတ်ကိုဒုံးဒုံးချကာထွက်လာခဲ့လိုက်သည်။
အာ့ !!!
ဆိုင်ပေါက်ဝမှာတစုံတယောက်နဲ့ကိုယ်ကပြင်းပြင်းထန်ထန်ဝင်တိုက်မိသွားသည်။ကိုယ်လည်းအနောက်ကိုလန်ကျခါနီးတစုံတေယာက်ကကိုယ့်ကိုလှမ်းဆွဲလိုက်သည်။အရှိန်ကပြင်းသွားတာကြောင့်ထိုတစုံတယောက်ရဲ့ရင်ခွင်ထဲကိုကိုယ်ဟာအထိန်းကွပ်မဲ့စွာဝင်သွားခဲ့သည်။
" တောင်းပန်ပါဗျာ ကျွန်တော်တကယ်မမြင်လိုက်လို့ပါ ! "
ဒီလိုယောကျော်းဆန်တဲ့အသံပိုင်ရှင်ကကိုယ်အထူးတလည်မှတ်မိနေတဲ့အသံပင်။ခနလေးကြားခဲ့ရပေမဲ့ထိုအသံကမေ့မရအောင်စွဲလမ်းခဲ့ရသည်။
မြန်မြန်ဆန်တန်ဘဲမော့ကြည့်လိုက်တော့အသေချာကိုကိုယ့်Crushလေးပင်။
" ဒီမှာ ! ဒီမှာ အဆင်ပြေရဲ့လားဗျ ! "
Crushလေးကိုငေးကြည့်နေမိတာနဲ့အရာအားလုံကိုမေ့ပျောက်သွားရသည်။
" ရှင် ဟုတ် ဟုတ်ကဲ့အဆင်ပြေပါတယ်"
ကိုယ်သတိထားမိတော့မှကိုယ်ကCrushလေးရဲ့ရင်ခွင်ထဲမှာရှိနေပြီးCrushလေးရဲ့နှလုံးသားကလည်းကိုယ်နဲ့နီးကပ်နေခဲ့သည်။