Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-20
______________________________________ပိုးမြတ်ခေါင်းနှောက်စွာနိုးလာခဲ့သည်။နိုးလာတော့ကုတင်တခုပေါ်ရောက်နေသည်။အပြင်ကိုကြည့်မိတော့နေထွက်နေပြီသည်။ကိုယ့်ကိုငုံ့ကြည့်မိတော့မနေ့ညကအဝတ်အစားတွေနဲ့ပင်။အမြန်ထကာမှန်ရှေ့ပြေးကြည့်တော့လည်ပင်းပေါ်ကအနီရောင်အကွက်တွေကိုတွေ့င်္လိုက်ရသည်။အကိုသူ့ကိုဘာမှတော့မလုပ်လောက်ပါဘူး။
ကမန်းကတမ်းထကာအပြင်ကိုတံခါးဖွင့်ထွက်လိုက်တော့အေးစက်နေတဲ့အရသာကိုခံစားလိုက်ရသည်။အေးတာမှတော်တော်လေးအေးသည်။
" ဒါဘယ်နေရာလဲအေးစက်နေတာဘဲ ငါတောင်ကြီးများရောက်နေတာလား ဒါမဟုတ်ပြင်ဦးလွင်လား "
" နိုးပြီလားချာတိတ် "
အနောက်ကိုလှည့်ကြည့်မိတော့နွားနို့တခွက်ရယ် ပေါင်မုန့်ကြက်ဥရယ် ထမင်းကြော်ပူပူလေးရယ်ဗန်းထဲထည့်ကာကိုင်လာတဲ့အကိုကိုယ့်တွေ့လိုက်ရသည်။ဖွာကျနေတဲ့ဆံပင်တွေနဲ့လည်ပင်းအပြည့်လက်ရှည်တထည်ကိုဝတ်ထားပြီးပြည့်မောက်နေတဲ့ကြွက်သားတွေကအထင်းသား။
" အကို ! ပိုးမြတ်ကိုဘယ်ခေါ်လာတာလဲ ! အခုပြန်ပို့ပေးပါ ! မေမေတို့စိတ်ပူနေတော့မယ် ! "
" မရဘူး ကိုယ်မင်းကိုခိုးပြေးလာတာ "
" ဘယ်လို ! အကိုရူးနေပြီလား ! ဘာတွေလျှောက်လုပ်နေတာလဲ ! "
" မင်းပြန်ချင်ရင်တောင်မရဘူးချာတိတ် အခုကိုယ်တို့ကလောရောက်နေပြီ ကိုယ်မင်းအမေဆီကိုဖုန်းဆက်ပြီးပြီ မင်းကအခုကိုယ်နဲ့ဆိုင်နေပြီချာတိတ် "
" အကိုမှာတီချယ်ရှိတယ်လေ ! ပိုးမြတ်ကိုပြန်ပို့ပေးပါနော် "
" ကိုယ်မင်းကိုချစ်တယ်ချာတိတ် "
" ရှင် ! "
" ဟုတ်တယ်ကိုယ်မင်းကိုသိပ်တန်ဖိုးထားလို့မင်းနဲ့ဝေးဝေးဆီပြေးခဲ့တာ ဒါပေမဲ့ကိုယ်မလုပ်နိုင်ဘူးချာတိတ် "
" အကိုကတကယ်မကောင်းတာဘဲ ဟင့် ! "
ပိုးမြတ်အကိုဆီကကြားချင်နေတဲ့စကားကိုကြားလိုက်ရလို့ဝမ်းသာမိပေမဲ့တပြိုင်နက်ထဲမှာပင်ပိုးမြတ်အကိုနဲ့မပတ်သတ်ချင်ပါ။ဘာလို့လဲဆိုအကိုနဲ့တီချယ်ကဘယ်အဆင့်တွေထဲလဲဆိုတာပိုးမြတ်သိတယ်။