Uni
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် -4
_____________________________________ဒီရက်ပိုင်းကော်ဖီဆိုင်လေးရောစာအုပ်ဆိုင်လေးရောကိုယ်မသွားဖြစ်တော့ဘူး။အဲ့လူသားလေးကိုမြင်လိုက်တိုင်းကိုယ်မပိုင်ရတဲ့လူသားလေးပါလားဆိုပြီးပိုနာကျင်ရတယ်။
" ပိုးမြတ် ! ပိုးမြတ် ! "
အတွေးတွေနဲ့လမ်းလျှောက်နေတုန််းအနောက်ကခေါ်သံကြောင့်ကြည့်မိတော့ပိုးမြတ်တို့သူငယ်ချင်းအဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ကောင်းဆက်ယံဖြစ်သည်။
ကောင်းဆက်ယံမှာချောတဲ့ထဲမပါပေမဲ့မြင့်မားတဲ့အရပ်ကြောင့်ကြည့်ကောင်းသည်။မျက်မှန်ဝိုင်းဝိုင်းလေးနဲ့အပြုံးချိုချိုလေးကလည်းကောင်းဆက်ယံရဲ့အားသာချက်တခုပင်။
" ဘာလဲကောင်းဆက် "
" ဟင် နင့်ပုံစံကလည်းအားပျက်နေတဲ့လူမမာကျနေတာဘဲ နေမကောင်းဘူးလား "
" ကောင်းပါတယ် ငါဒီရက်ပိုင်းစိတ်ပင်ပန်းနေလို့ "
" အေးပါဂရုစိုက်အုန်း ဒါနဲ့လေဆွေးကိုတွေ့မိသေးလား "
" ဟင့်အင်း ငါပြိုင်ပွဲကိုအာရုံရောက်နေလို့ဆွေးတို့နဲ့တောင်မဆုံဖြစ်ဘူး "
ပိုးမြတ်တို့ကအနုပညာမေဂျာကမို့ဒီတလောပန်းချီပြိုင်ပွဲတွက်စိတ်ဖိစီးနေရသည်။ပိုဆိုးတာကCrushလေးကြောင့်လည်းမှန်မည်။
" ဆွေးကိုမတွေ့ရတာကြာပြီ "
ကောင်းဆက်ယံရဲ့စကားကြောင့်ပိုးမြတ်မျက်ခုံးတွန့်ကာကြည့်လိုက်သည်။
" ကောင်းဆက်နင်ရိုးရောရိုးရဲ့လား ! "
" ဟမ် ဘာ ဘာကိုလဲ ! "
" နင် ဧကံန ဆွေးကိုများချစ်နေတာလား ! "
" ဟဲ့ တိုးတိုးပြောပါဟ "
ပိုးမြတ်ပါးစပ်ကိုလက်နဲ့အတင်းလာပိတ်တဲ့ကောင်းဆက်ကြောင့်အသံတွေဝူးဝူးဝါးဝါးဖြစ်သွားသည်။
" ဟုတ်တယ်မဟုတ်လားကောင်းဆက် ! "
" အဲ့ အဲ့ဒါက ! မပြောနိုင်ပါဘူးနော် ငါသွားတော့မယ်နင်လည်းပြိုင်ပွဲတွက်ဆင်သင့်လုပ်ထားအုန်း သွားပြီတာ့တာ့ ! "