Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-22
______________________________________
သံစဉ်တို့မိဘတွေရဲ့စကားလက်ဆုံကျနေမှုကြောင့်၇နာရီထဲကရောက်တာ၁၀နာရီထိုးတော့မည်ပင်။ချာတိတ်ကိုလည်းအိမ်မှာတစ်ယောက်ထဲထားခဲ့ရတာကြောင့်စိတ်ကမချပေ။ထွက်ပြေးမှာတော့စိတ်မပူပါ။
" အန်ကယ်ခဏလေးနော် ကျွန်တော်ဖုန်းဆက်စရာလေးရှိလို့ "
" ကောင်းပါပြီသားရေ "
အောင်သုခလည်းခြံထဲဆင်းလာကာချာတိတ်ဆီဖုန်းဆက်လိုက်သည်။
" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသည်ရှင် "
စက်ပိတ်ထားတယ်ဆိုတာကြောင့်ရင်ထဲတုန်သွားမိသည်။နောက်တကြိမ်ထပ်ခေါ်ရာလည်းလူကြီးမင်းနဲ့တိုးသည်။ချာတိတ်ဘာများဖြစ်နေပြီလဲမသိဘူး။သူအမြန်ပြန်ရမည်။အိမ်ထဲအမြန်ပြန်ဝင်ကာသံစဉ်မိဘတွေကိုနှုတ်ဆက်လိုက်သည်။
" အန်ကယ်နဲ့အန်တီ အားနာပါတယ်ဗျ ကျွန်တော်ကိစ္စလေးအရေးကြီးရှိလို့အခုပြန်ရပါမယ် ! "
" ကိုကိုဘာတွေအရေးကြီးနေတာလဲ "
" သံစဉ်ကလက်မောင်းကိုဆွဲကာဖက်တွယ်ထားသည်။
" ကိုယ်အခုပြန်မှဖြစ်မယ်သံစဉ် ! နောက်မှထပ်လာခဲ့မယ်နော် ! "
သံစဉ်ထပ်ပြောသည်ကိုပင်မစောင့်အမြန်ကားမောင်းထွက်လာခဲ့သည်။ချာတိတ်ထွက်များပြေးသွားပြီလား။သူ့လက်ထဲကထွက်ပြေးချင်နေတဲ့ဌက်လေးကိုမက်မက်မောမောလိုက်ဖမ်းမိနေသည်။ချစ်ခြင်းမေတ္တာရဲ့ဝဋ်ဆိုတာဒါများလားပင်။
ခြံထဲကအော်တိုတံခါးကသူ့ကားရောက်သည်နဲ့ပွင့်သွားသည်။အမြန်ကားပေါ်ကဆင်းကာအိမ်ထဲပြေးဝင်မိတော့ရယ်သံသဲ့သဲ့လေးကြားလိုက်ရသည်။
" ဟီးဟီး ! "
ဧည့်ခန်းဆီရောက်တော့TVရှေ့ကဆိုဖာပေါ်မှာစောင်ကိုခြုံလျှက်ထိုင်နေပြီးလက်ထဲမှာနေ့ခင်းကသူဝယ်ပေးထားတဲ့ပေါက်ပေါက်ဘူးကြီးပင်။စားပွဲပေါ်မှာလည်းမုန့်တွေပွစာကျဲနေသည်။ပါးစပ်ထဲမှာပေါက်ပေါက်တွေပလုတ်ပလောင်းနဲ့အနှီကောင်မလေးကသူ့ကိုကြောင်တောင်တောင်နဲ့ကြည့်လာသည်။TVမှာလည်းကြောင်နဲ့ကြွက်ကားပင်။