Zawgi
ဒီနှလုံးသားရဲ့အဆုံးအဖြတ်(side couple)
________________________________________
မမနဲ့ကိုအောင်သုခလက်ထပ်ပြီးတာ၁နှစ်လောက်ရှိပေမဲ့ခုချိန်ထိမပြောင်းလဲနိုင်သေးတာကသူ့နှလုံးသားပင်။ခုချိန်ထိချစ်ရသူကတစ်ယောက်ထဲအဲ့ဒါသူမ။
" အေးချမ်း "
ခေါ်ရာမော့ကြည့်မိတော့သစ်ဝေပင်။သူခုချိန်ထိကျွန်တော့်အနားကထွက်မသွားသေးပါ။ချစ်ခြင်းမေတ္တာရဲ့ဝဋ်တွေဖြစ်သည်။
" companyမလာဘူးဆိုလို့အိမ်လိုက်လာတာဘာလုပ်နေတာလဲအေးချမ်း "
" ကျွန်တော်တစ်ယောက်ထဲနေချင်လို့ပါ "
" အေးချမ်းမပျော်ရင်တို့စိတ်ချမ်းသာစရာကောင်းတဲ့နေရာတခုခေါ်သွားပေးမယ်လေ "
" ရပါတယ် မသွားချင်ဘူး "
ငြင်းကာငြိမ်မြဲငြိမ်နေတဲ့အေးချမ်းကိုကြည့်ရတာသူ့ရင်နာကျင်လှသည်။ဒီလောက်ထိကိုယ့်ကိုမချစ်နိုင်ပါဘူးငြင်းနေတဲ့သူအနားကပ်တွယ်ရတာဝဋ်ကြွေးလှလှလေးတခုကိုပေးဆပ်နေရသလိုပင်။
" အေးချမ်းဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲအကုန်ပြောလေ တို့အကုန်ဖြည့်ဆည်းပေးနိုင်တယ် "
" သစ်ဝေ ! ကျွန်တော့်ကိုတစ်ယောက်ထဲပေးနေပါ ! "
" ဘာလို့တို့မဟုတ်ရတာလဲအေးချမ်း "
" ဘာကို ! "
" တို့အေးချမ်းကိုသိပ်ချစ်တာသိတယ်မဟုတ်လား ဘာလို့လဲအရမ်းချစ်မှန်းသိလို့အနိုင်ယူချင်တာလား ဒါဆိုလည်းအနိုင်ယူစရာမလိုအောင်တို့ဘက်ကအရှုံးပေးပြီးသားပါ "
သစ်ဝေကိုသူစေ့စေ့ကြည့်မိသည်။သစ်ဝေထင်တာမှားနေပြီ။ကျွန်တော်ကမင်းဖြစ်နေလို့ကိုမချစ်နိုင်တာမဟုတ်။သူကလွဲပြီးဘယ်သူ့ကိုမှမချစ်နိုင်တော့တာ။
" ဒီစကားကသစ်ဝေကိုနာကျင်စေလိမ့်မယ် "
" အင်း အရင်ထဲကနာကျင်ခဲ့တာပါ "
" ကံကြမ္မာကိုမပြင်နိုင်ဘူးသစ်ဝေ ကျွန်တော့်ဆုံးဖြတ်ချက်ကတခုထဲဘဲ မမကလွဲပြီးနောက်ထပ်မချစ်နိုင်တော့ဘူး "