Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-16
_____________________________________
ညကပင်ပန်းနေတာကြောင့်ဖုန်းတောင်မကြည့်ဘဲစက်ပိတ်ကာအိပ်ပျော်သွားမိသည်။မနက်ကလည်းတနင်္ဂနွေပိတ်ရက်မို့အိပ်ရေးဝဝသာအိပ်လိုက်သာည်။၁၀နာရီလောက်မှနိုးလာခဲ့သည်။အိပ်ရာနိုးလို့ဖုန်းဖွင့်ကြည့်တော့ဖုန်းcallတွေစာတွေအများကြီးတက်နေသည်။ပိုးမြတ်လည်းနည်းနည်းကြောင်သွားကာဖုန်းဖွင့်ကြည့်တော့သင်တန်းကသူငယ်ချင်းတွေကပိုးမြတ်တို့သီးသန့် group chatထဲမှာစာတွေပို့ထားသည်။
" ပိုးမြတ်အဆင်ပြေရဲ့လား "
" ငါတို့တကယ်မထင်ထားဘူးဟာ "
Group chatထဲကစာတွေကိုပိုးမြတ်နားမလည်ပါ။
" ဘာဖြစ်လို့လဲဟင် ပိုးမြတ်ကဘာကိုအဆင်ပြေရမှာလဲဟင် "
ပိုးမြတ်စာပို့လိုက်တော့အကုန်လုံးseenပြကာစာပြန်ကြသည်။
" ပိုးမြတ်မသိသေးဘူးလား "
" ဘာကိုလဲဟင် "
မကြာခင်ရောက်ရှိလာတာပုံလေးတပုံကြောင့်ပိုးမြတ်လက်ထဲကဖုန်းလေးလွှတ်ကျသွားသည်။
" အရမ်းစိတ်တိုစရာကောင်းတာဘဲကွာ "
" ဟုတ်ပါ့ တီချယ်ကသိရက်နဲ့ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ "
" အေးလေဟယ် တီချယ်မို့ကွာ "
ရောက်လာတဲ့ပုံမှာအကိုနဲ့တီချယ်တို့ relationship တင်ထားတဲ့ပုံပင်။ဘာတွေဘယ်လိုဖြစ်ကုန်တာလဲပိုးမြတ်မစဉ်းစားတတ်အောင်ပင်။ညကမှညကမှသူတို့နီးစပ်ကျတာလေ။သင်တန်းကလူတွေနဲ့ဆွေးနဲ့မတည့်တာမို့ဆွေးမပါတဲ့တခြားgroupတခုထဲပိုးမြတ်လည်းရောက်သည်။ထိုgroupထဲမှာပိုးမြတ်အကိုကိုယ့်သဘောကျနေကြောင်းရင်ဖွင့်ထားချင်းပင်။အကုန်လုံးလည်းသိသည်။အထူးသဖြင့်တီချယ်ကပိုတောင်သိသည်။
ပိုးမြတ်အယုံကြည်ရဆုံး အားအကိုးရဆုံး ရင်အဖွင့်ရဆုံး အမျိုးသမီးရဲ့လုပ်ရက်ကသိပ်ကိုခံရခက်နေသည်။ပိုးမြတ်Nfပေါ်မြန်မြန်သွားကြည့်တော့အမှန်ပင်။တီချယ်Mydayမှာသူတို့နှစ်ယောက်နမ်းနေသည့်ပုံပင်။