zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-24(Final)
____________________________________________
ကတိအတိုင်းချာတိတ်ကိုသူ့မိဘတွေစီပြန်ပို့ပေးခဲ့ပြီးတင်တောင်းဖို့မိဘတွေကိုနိုင်ငံခြားမှပြန်လာရန်ခေါ်ရသည်။အင်းလေးကညတုန်းမှာချာတိတ်နဲ့သူဘာမှမဖြစ်ခဲ့ပါ။သူဒီလောက်ထိမရဲတင်းပါ။ယခုတင်တောင်းရန်မိဘတွေနဲ့ချာတိတ်တို့အိမ်ဆီဦးတည်နေသည်။
ဒီနေ့အကိုတို့မိသားစုကလာနားဖောက်ကြမှာမို့ပိုးမြတ်ရင်ခုန်နေမိသည်။မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာထိုအခိုက်အတန့်က တသတ်စာအမှတ်တရပါဘဲ။
" သမီးရေ အောက်မှာမောင်အေးချမ်းအောင်ရောက်နေတယ် "
အေးချမ်းအောင်ဘာလာလုပ်လဲပိုးမြတ်ကောင်းကောင်းသိသည်။အောက်ထပ်ကိုဆင်းလာတော့ခြံထဲကဒန်းပေါ်မှာထိုင်နေတဲ့အေးချမ်းအောင်ကိုတွေ့လိုက်ရသည်။
" အေးချမ်းအောင် "
မိမိနာမည်ခေါ်ရာဆီလှည့်ကြည့်မိတော့အစိမ်းဖျော့ရောင်မြန်မာဝမ်းဆက်ဇာအပါးလေးနဲ့မမကသိပ်ကိုလှသည်။ဝမ်းနည်းစရာကောင်းတာကဒီအလှတရားနဲ့ဒီမိန်းကလေးကဘယ်တော့မှသူ့အတွက်မဖြစ်နိုင်တော့ပေ။
" မမ "
" ဘာကိစ္စရှိလို့လဲအေးချမ်းအောင် "
" ဒီတိုင်းကျွန်တော်ရှုံးသွားတာထင်တယ် "
ဘာကိုဆိုလိုမှန်းပိုးမြတ်နားလည်သည်။
" မေတ္တာတရားမှာအနိုင်အရှုံးမရှိပါဘူးအေးချမ်းအောင် "
" ကျွန်တော်လာတွေ့တာ ဒီစကားလေးကိုမမကို ကျွန်တော်ကိုယ်တိုင်ပြောချင်လို့ "
"..."
" မမ ဘာဘဲဆုံးဖြတ်ပါစေ ဘာကိုဘဲရွေးချယ်လိုက်ပါစေ ကျွန်တော်ကချစ်နေတာမို့ ဒီတိုင်းငေးနေရလည်းဖြစ်ပါတယ် "
" ကိုယ့်တွက်မဟုတ်တဲ့အရာကိုလက်လွှတ်လိုက်ပါငါ့မောင် "
ငါ့မောင်ဆိုတဲ့အခေါ်ဝေါ်ကအစထဲကစည်းခြားထားခဲ့တာကိုကျွန်တော်ဘဲနားမလည်နိုင်ခဲ့တာ။မမကဘယ်တော့မှကျွန်တော့်ပေါ်မောင်တစ်ယောက်ထက်မပိုခဲ့ဘူး။