11

439 20 1
                                    

Zawgi
ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် -11
_____________________________________

" ကျင်လည်ရာလောက ကချေသည်အမှောင်ယံတွေအမြဲတမ်းတွဲနေလည်းဒီဘဝရဲ့အလည်မျှော်လင့်ခြင်းမင်းရဲ့ရောင်စဉ်လေးရယ်... "။

" ချာတိတ် "

လှည့်ကြည့်စရာမလိုတဲ့အသံပိုင်ရှင်ဟာအကိုပါ။အနားယူချင်လို့ဟိုတယ်ဘေးကဧရာဝတီဆိပ်ကမ်းနားဆီထွက်ခဲ့တာအကိုပါရောက်လာသည်။

" တစ်ယောက်ထဲ ဘာလုပ်နေတာလဲချာတိတ် "

" လေကောင်းလေသန့်ရှုနေတာပါအကို ဒါနဲ့မအိပ်သေးဘူးလားအကို "

" အွန်း အိပ်မပျော်ဘူး​ေတွးစရာလေးတွေရှိနေလို့ "

အကိုကိုယ့်မော့ကြည့်မိတော့စိတ်ရှုပ်နေတဲ့မျက်နှာထားလေးဟာလည်းတမျိုးကြည့်ကောင်းနေသည်။

" ဘာတွေးစရာတွေမို့ အိပ်မပျော်ရတာလဲအကို "

" လူတစ်ယောက်ကိုချစ်မိရင်အရာအားလုံးဆုံးရှုံးရတယ်မဟုတ်လားချာတိတ် "

ဘာအဓိပ္ပါယ်နဲ့ဒီစကားကိုမေးလဲဆိုတာမစဉ်းစားတတ်ပါ။

" ဘာလို့လဲအကို အဲ့လိုချစ်မိပြီးအဲ့လိုမျိုးဆုံးရှုံးဖူးလို့လား "

ဒီတခါတော့ကိုယ့်အမေးကြောင့်အကိုကပြန်ကြည့်လာသည်။

" ဟုတ်လောက်မယ် "

အကိုကပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့ပိုးမြတ်စိတ်ထဲတော့မပေါ့ပါးနိုင်ပါ။ အကိုကလက်ထဲကဆေးလိပ်ကိုထုတ်ပြီးမီးညှိနေသည်။လေတိုက်တာကြောင့်မီးညှိမရဖြစ်နေသည်။ ပိုးမြတ်လည်းလက်နှစ်ဖက်နဲ့လေမတိုက်အောင်ကာပေးလိုက်သည်။ အကိုကဆေးလိပ်မီးညှိရင်းပိုးမြတ်ကိုမော့ကြည့်လာသည်။

အကိုနဲ့မျက်လုံးချင်းမဆုံချင်ဘူး။ သဘောကျနေတဲ့အနေထားလေးဘဲကောင်းတယ် ချစ်မိသွားရင်ပိုင်ဆိုင်ချင်စိတ်ဖြစ်ရတယ်အကိုရယ်။

မီးညှိပြီးတော့အကိုကခေါင်းကိုလက်နဲ့ပုပ်လိုက်သည်။

" ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲချာတိတ် "

" ဟင် "

အကိုရုတ်တရပ်မေးလာတော့ပိုးမြတ်စကားတွေဆွံ့အသွားသည်။

ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် (ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်)Where stories live. Discover now