Zawgi
ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-10
_____________________________________မြန်မာမှန်လျှင်ပုဂံရောက်ဖူးရမည်။ပုဂံသည်မြန်မာနိုင်ငံရဲ့ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည်။ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရာသာသနာထွန်းကားရာနေရာလည်းဖြစ်သည်။
ပုဂံလို့ပြောလိုက်လျှင်နေပူပူနဲ့သာယာလှပတဲ့အညာဒေသဖြစ်မယ်ဆိုတာမျက်မှန်းတန်းမိမယ်ထင်ပါသည်။ထန်းပင်ကြီးတွေထီးထီးမားမားနဲ့စိမ်းလန်းတဲ့လယ်ကွင်းတွေဟာအညာဒေသရဲ့အပန်းဖြေအနားယူရန်အကောင်းဆုံးဖြစ်သည်။
ထပ်ပြီးပုဂံဆိုတာကြေကွဲစရာပုံပြင် ရာဇဝင်တွေနဲ့ပြည့်နှုက်နေရာဆိုလည်းမလွဲမသွေမှန်ပေမည်။
မနက်၆နာရီလောက်မှာပိုးမြတ်တို့ကဟိုတယ်ကိုရောက်ခဲ့သည်။အကိုနဲ့ကောင်းဆက်ကတခန်းအတူနေကြသည်။ပိုးမြတ်နဲ့ဆွေးကတခန်း သစ်ဝေနဲ့မေခတ်နဲ့ကတခန်းပင်။
နေ့လည်ကျဘုရားလိုက်ဖူးကျမှာမို့ပိုးမြတ်တို့တမနက်လုံးကိုယ့်ခန်းမှာဘဲကိုယ်အနားယူကြသည်။ဘာမှမစားရသေလို့ဗိုက်ဆာတာကြောင့်ဗိုက်ထဲတဂွီဂွီမြည်နေသည်။ထိုအရာကိုကြားသွားတဲ့အကိုကရယ်နေသည်။
" ဗိုက်ဆာနေပြီလားချာတိတ် "
သူများဗိုက်ဆာပါတယ်ဆိုလာရယ်နေတာကြောင့်စိတ်တိုသွားမိသည်။
" မဆာပါဘူး "
" ဟော စိတ်ကလည်းကောက်တတ်လိုက်တာ ရော့ "
အကိုကသူ့အိတ်ထဲကချောကလတ်ထုတ်လေးပေးသည်။ပိုးမြတ်လက်လှမ်းပြီးမှရပ်တန့်လိုက်သည်။ဆွေးပြောထားတဲ့စကားတွေကနားထဲအလိုလိုဝင်လာသည်။ဟုတ်တယ်သူအကိုနဲ့ဝေးဝေးနေရမယ်။
" ရပါတယ် ပိုးမြတ်ချောကလတ်မကြိုက်ဘူးအကို "
" ဟွန် ချာတိတ်ကိုကြည့်တိုင်းချောကလတ်နဲ့ပတ်သတ်တာဘဲစားနေကြပါ အခုမှဘာဖြစ်လို့လဲ "
အကိုကသူ့ကိုတချိန်လုံးလိုက်ကြည့်နေတာလား။ရင်တွေခုန်ရပြန်ပြီအကိုရယ် ဒါပေမဲ့အကိုဘယ်တော့မှသိမှာမဟုတ်ပါဘူး။အကိုကိုယ့်ဘာမြှပန်မပြောဘဲလှည့်ထွက်လာခဲ့သည်။ချစ်မိသွားမှာဆိုးလို့ရှောင်ရင်းကပိုချစ်လာမိပြန်သည်။