13

475 23 2
                                    

Zawgi

ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်-13
_____________________________________

အကိုကဘေးမှာလာထိုင်ကာဆေးလိပ်ထုတ်သောက်ပြန်သည်။

" ဆေးလိပ်ကဘာကောင်းလို့သောက်တာလဲအကို "

အူကြောင်ကြောင်မေးခွန်းလေးကိုအောင်သုခပြုံးလိုက်သည်။

" ဆေးလိပ်ကဘာမှမကောင်းဘူး အခက်မသင့်ရင်ရောဂါတောင်ရတယ် ဒါပေမဲ့စိတ်ပေါ့ပါးတယ် မကောင်းတာတွေကိုအဲ့အငွေ့တွေနဲ့မှုတ်ထုတ်ပစ်လိုက်လို့ရတယ် ဘဝမှာမလုပ်ဘူးတာမရှိအောင်လုပ်ကြည့်တာလေ "

" ဟုတ်လား ပိုးမြတ်ကိုတလိပ်လောက်ပေးပါလား "

" ဟမ် ! မင်းသောက်တတ်လို့လားချာတိတ် ! "

" သောက်တတ်အောင်သောက်မလို့လေ "

အတတ်စမ်းချင်နေတဲ့ကောင်မလေးကိုဆေးလိပ်တလိပ်ထုတ်ပေးလိုက်သည်။မီးညှိတာဆေးလိပ်ကိုမီးရှို့ပစ်နေသလိုပင်။

" ဟ အဲ့လိုမီးမညှိရဘူးလေချာတိတ် အဲ့ဒါဆိုဆေးလိပ်ကချက်ချင်းပြာဖြစ်သွားမှာပေါ့ ထိပ်ပိုင်းလောက်လေးဘဲမီးထိပေးရတယ် "

အကိုကဆေးလိပ်ကိုသေချာမီးညှိပေးနေသည်။ပိုးမြတ်လက်အပေါ်ကနေအကိုလက်ကဖိကိုင်ထားတာမို့လက်ဖျားတွေပါအေးချင်သလို။မီးညှိပြီးတော့ဆေးလိပ်ကိုအကိုလုပ်တဲ့အတိုင်းရှိုက်သွင်းလိုက်သည်။

" အဟွမ့် ! အဟွင့် ! အဟွမ့် ! "

" ဟော ကြည့်မသောက်တတ်ဘဲနဲ့ ချောင်းဆိုးကုန်ပြီ "

" အဟွမ့် အကိုကျ အဟွမ့် ဘာလို့အေးဆေးသောက်နိုင်တာလဲ "

" ကိုယ်ကနေသားကျနေပြီချာတိတ် ချာတိတ်ကိုယ်တခုပြောပြမယ်နော် ဒီလောကြီးကမင်းရဲ့ရိုးသားမှုနဲ့မတန်ဘူး မင်းကသိပ်ရိုးလွန်းတယ် ဖြူစင်လွန်းတယ် တခါတလေကိုယ်တောင်အပြစ်ရှိသလိုခံစားရတယ် မင်းကိုနာကျင်အောင်လုပ်မိနေလို့ "

မင်းကရိုးသားလွန်းလို့ကိုယ်နဲ့မတန်ဘူး။ကိုယ်ကကောင်းတဲ့လူမဟုတ်ဘူးချာတိတ်။ဖြူစင်တဲ့မင်းကိုကိုယ့်ဆီဆွဲမခေါ်နိုင်ဘူး။ပြီးတော့ချစ်နိုင်မယ်လည်းမထင်ဘူး။

ဤရပ်၀န်း၌နှလုံးသားတစုံရှိသည် (ဤရပ်ဝန်း၌နှလုံးသားတစုံရှိသည်)Where stories live. Discover now