3။

11.6K 576 0
                                    

"ဒီနေ့အားရဲ့လားယူ"?

"နေ့ခင်းတော့အားပါတယ် ဝင့်လွှာရဲ့ ကိစ္စရှိလို့လား"

မနက်ခင်းဖုန်းသုံးနေရင်းမှ ဝင့်လွှာဆီမှဖုန်းလာသဖြင့်ကိုင်လိုက်မိသည်။ ဝင့်လွှာဆီကခေါ်သည်ဟာခပ်ရှားရှားရယ်မို့ ပန်းအနည်းငယ်တော့ပူပန်သွားမိသည်။

"အင်း တို့တစ်နေရာသွားစရာရှိလို့လေ ယူများအဖော်လိုက်ပေးနိုင်မလားလို့"

"ရတယ်လေ တို့လိုက်ခဲ့ပေးမယ် အိမ်မှာပျင်းနေတာနဲ့အတော်ဘဲ  အော် ဒါနဲ့ယိမ်းကိုရောခေါ်ပြီးပြီလား ဝင့်"

"ဟင့်အင်း ယိမ်းကိုတော့မခေါ်တော့ပါဘူး ပန်းဆုရယ် သူအားမှာမဟုတ်ဘူးရယ်"

အားနာတတ်သောဝင့်လွှာဟာအချိန်တိုင်းလိုလိုအလုပ်များနေသည့်ယိမ်းကိုမခေါ်တော့ကြောင့်လေသံဖျော့ဖျော့နှင့်ပြောသည်။

"အော် အေးပါ အဲ့ဆိုတို့နှစ်ယောက်တည်းဘဲသွားကြတာပေါ့ တို့လာခေါ်‌မယ်လေ ယူအိမ်ကဘဲစောင့်နေလိုက်လေနော်'

"အင်း တို့စောင့်နေမယ်"

ဖုန်းလေးအားအသာချရင်းငိုင်နေမိတော့သည်။ဒီရက်ပိုင်းတွေမှာ မာမီခြေလှမ်းတွေပျက်နေသည်ကိုသတိထားမိသည်။အရင်နေ့တွေကအိမ်မှုကိစ္စတွေနှင့်အလုပ်ရှုပ်နေတတ်သောမာမီဟာခုရက်ပိုင်းတွင်းမှာအပြင်ချည်းသာခနခနထွက်သည်။ထို့ပြင်အိမ်သို့ရံဖန်ရံခါလာလာလည်တတ်သည့်ဦးနေနိုင်ဆိုသည့်လူကြီးကိုလည်းသိပ်ပြီးမသင်ကာ။အထူးသဖြင့် ဒယ်ဒီမရှိတဲ့အချိန်ကိုမှလာတတ်သည်မို့သံသယဝင်မိသည်။ဝင့်လွှာအနေနှင့်ဒီကိစ္စကြီးကြောင့် မအိပ်နိုင်၊မစားနိုင်ဖြစ်နေရရှာသည်။အလုပ်ထဲမှာလည်းစိတ်မပါပေ။မာမီ့အားယခုလိုသံသယမဝင်သင့်ဘူးဟုဆိုသော်လည်း သိချင်စိတ်တို့ကပြင်းပြနေသည်မို့သေချာစုံစမ်းချင်မိသည်။အေးချမ်းသိုက်မြုံသည့်မိသားစုလေးအားအပျက်ဆီးမခံနိုင်ပေ။ဒါ‌ေတွကိုအလုပ်များလွန်းသည့်ဒယ်ဒီဟာရိပ်မိပုံမပေါ်ပေ။တစ်ခါတစ်‌ေလကျပြန်‌ေတာ့လည်းအလုပ်ကိုသာဖိလုပ်နေသည့်ဒယ်ဒီ့ကိုစိတ်ဆိုးလိုက်ချင်သည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang