Extra 1

11.8K 506 5
                                    

အိမ်ထောင်သက်လေးနှစ်အတွင်း ဘာတွေပြောင်းလဲသွားလဲ ဆိုရင်တော့ ယိမ်း၏နှစ်ယောက်မရှိသည့်ကလေးလေး အိမ့်ဆုနေသော်ရယ်ပါ ။ အခုဆိုရင် အရင်ကလို ကလေးရုပ်လေးလည်းမဟုတ်တော့သလို အရင်ကနှင့်လည်း တစ်မူကွဲပြားလာပါသည် ။ ဆံပင်တွေပိုရှည်လာပြီး ပို၍ကြည့်ကောင်းလာသည့်အပြင် ယိမ်း၏ကြီးကြပ်သင်ပြမှုတွေ‌ေကြာင့်အများကြီးပို၍ရင့်ကျက်လာပါသည် ။

ဘွဲ့ရပြီးသည့်အချိန်မှစ၍ သူဝါသနာပါရာ အင်ဂျင်နီယာကြီးဖြစ်နေပြီးနောက် အားရင်အားသလို မိန်းမဖြစ်သူ၏လုပ်ငန်းတွေကိုလည်း ကူညီပေး၏ ။ ထို့ကြောင့် ယိမ်းမှာ အချစ်လည်း ပိုရသလို သူမ၏ကလေးအား အများကြီးလည်း ပို၍ယုံကြည်အားကိုးနေရသည်လေ ။ ဪ အရေးကြီးတာ နောက်တစ်ခု ပြောပြဖို့ကျန်နေသေးတာဘဲ ။အဲ့ဒါက ဘာလဲဆိုတော့

"အူးဝါး အူးဝါး !မား မား !

နေနေ တစ်ယောက် အစ်မ၏စာရင်းတွေအားကူစစ်ပေးနေရင်းမှ အိပ်ခန်းထဲက မီးမီး၏ငိုသံကြောင့် ဒုန်းစိုင်းပြေးရတော့သည် ။

"သမီးရေ မီးမီးလေးရေ...!ဟာ မငိုပါနဲ့အုံးကွာ ၊မင်းမေမေ ရေချိုးနေတုန်းမို့ပါဟ ..."

မျက်ရည်ကြည်လေးတွေ စို့နေသည့် မီးမီးလေးအား ပုခတ်ထဲမှပွေ့ချီကာ ပုခုံးပေါ်သို့မှောက်တင်၍ ကျောပြင်လေးအားပွတ်သက်ပေး၍ချော့မြူပေးရသည် ။ရှစ်လအရွယ်သာ ရှိသေးသည့် သမီးလေးဟာ အခုကတည်းကပင် မားမားဆိုသည့်စကားလုံးလေးကိုတော့ ပီပီပြင်ပြင်ခေါ်တတ်နေပြီဖြစ်၏

"အူးဝါး အူးဝါး "

"သမီးရေ တိတ်ပါကွာ ။ မင်းမားမား ဆူနေပါအုံးမယ်ဟ ။ကျွတ် ~ကျွတ် တိတ်ပါကွာ ။"

"အို ကလေးတွေဆူညံနေတာပဲ ။ဘာဖြစ်နေကြတာတုန်း ။"

အသံလေးနှင့်အတူ တပတ်ကလေးပတ်၍ရောက်လာသည့် အစ်မကြောင့် ငိုနေသောသမီးလေးက တိကနဲတိတ်သွားသလို အတင်းချော့မြူနေသော နေပါ ငြိမ်ကျသွားလေသည်။

"အူးဝါးး အူးဝါး ။"

ဟောကြည့် ဒင်းလေးဟာလေ ရှစ်လသားအရွယ်လေးမို့ဘဲ ၊သူ့မေမေကိုသိပ်သိနေတာ ၊အခုလည်းကြည့်လေ နေ့ လက်ထဲကနေ အစ်မပေါ်သို့ ထိုးချနေသည့် ကလေးပိစိကြောင့်

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang