6။

10.4K 495 1
                                    


နာရီလက်တံဟာ၇နာရီတစ်မိနစ်သို့ညွှန်ပြနေသော်လည်း အခုချိန်ထိအိပ်ယာထဲမှာဇိမ်ကောင်းကောင်းနှင့်အိပ်နေသူဟာ အိမ့်သူနေသော်ပင်ဖြစ်လေသည် ။

လူကောင်သေးသေးနှင့် ဂွမ်းစောင်အထူကြီးထဲမြုပ်ကာအိပ်မောကျနေသည့်နေ့နေ့အား ပန်း ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ထင်ထားတဲ့အတိုင်းပါပဲလား ၊လာ မနိုးမချင်း ဒင်းမနိုးမှာကိုသိလို့ ညကတည်းတီတီကဖုန်းဆက်ပြီး မှာတာကိုပင်တော်သေးသည်ဟုဆိုရမည် ။

"နေသော် ထထ ဘယ်ချိန်ရှိနေပြီလဲ "?
ဟဲ့ ဘယ်အချိန်ထိများအိပ်ဖို့စိတ်ကူးယဉ်နေတာလဲ "?

စောင်ကိုဆွဲချကာ ပုခုံးကိုလှုပ်နိုးလိုက်တော့
မှ ဆူပုတ်ကာမထချင်ထချင်ဖြင့်နိုးလာ‌လေသည် ။

"မမရာ ငါအိပ်ကောင်းနေတာကို "

အာပြဲကြီးနဲ့အပျင်းကြောဆန့်ရင်းဂြိုလ်ကြည့်ကြည့်ကာပြောလိုက်တော့ မမကခါးကြီးထောက်ကာ အံ့ကြီးကြိတ်လို့။ အခြေအနေမဟန်ဘူးဆိုတာ ရိပ်မိလိုက်တော့မှ ရှစ်ခေါက်ချိုးမျက်နှာကိုပြင်လိုက်ရသည်။

"ဟဲဟဲ ငါ့မမကအရမ်းလှနေပါလား ဘယ်သွားမလို့လဲ ဘဲနဲ့ချိန်းထားတာလား"

"နင် သေချင်တာလား အောက်ကဒယ်ဒီတို့ကြားသွားမှ နှစ်ယောက်လုံးငါးပါးမှောက်မယ် "

"ဟီးဟီ ဟုတ်သားနော်။ ဒယ်ဒီတို့သာကြားသွားလို့ကတော့ မမ နင်ရော ငါကောအပြင်ထွက်ရတော့မှာမဟုတ်ဘူး .."

နေကထိုသို့ပြောလိုက်တော့ မမကခါးကြီးထောက်ကာ သိတယ်ဆိုသည့်အကြည့်ဖြင့်ကြည့်‌
လေသည်။

"သိရင်လည်း စကားကိုဆင်ခြင်ပြော !
ဪ ဒါနဲ့ တီတီက၇ခွဲအမှီလာခဲ့တဲ့နော် မြန်မြန်လုပ် ကလေးတွေရှေ့မှာကြိမ်လုံးစာမိနေမယ် "

"ဟာ "

သူမအားစကားပင်ပြန်မပြောနိုင်တော့ဘဲခန္ဓာကိုယ်ပေါ်မှာရှိတဲ့စောင်အထူကြီးအား ဆွဲလှန်ကာ ကုတင်ပေါ်မှခုန်ဆင်းပြေးသွားသည့် နေနေ့အား အမြင်ကပ်စွာမျက်စောင်းထိုးပစ်လိုက်သည်။

"ညီမလေးတစ်ယောက်ရှိပါတယ် အကုန်လိုက်လုပ်ပေးနေရတယ် "

ပါးစပ်မှမကျေမနပ်ဖြင့်ပွစိပွစိရေရွတ်ရင်း နေနေ့အခန်းထဲမှထွက်ကာ အောက်သို့ပြန်ဆင်းလာခဲ့သည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang