"စိတ်မကောင်းဖြစ်နေတာလား ယိမ်း !!
ကိုယ်စီ အတွေးတွေဖြင့် ငြိမ်သက်နေပြီးကာမှ ပထမဆုံးထွက်ပေါ်လာသည့် မမ၏အသံ ။လိုတာထက်ကိုပို၍ တိုးဖျော့နေသည့် မမ၏အသံဟာ ဘုန်းလေးအတွက် စိတ်မကောင်းခြင်းများစွာ ပါဝင်နေသည်ကို သူမတို့အားလုံးရိပ်မိကြသည် ။
"အင်း အစ်မတစ်ယောက်အနေနဲ့နည်းနည်းတော့ဖြစ်မိတယ် ။မောင်လေးက သိပ်ပိရိတာပဲကွယ်၊တို့တောင်သတိမထားမိခဲ့ဘူး !
အသက်နှစ်ဆယ်အရွယ်ကောင်လေး၏ ပထမဆုံးအသည်းကွဲခြင်း ကို သူမတို့အားလုံး စိတ်မကောင်းဖြစ်နေရခြင်းသာ ၊
"ဘယ်လိုလုပ်ရမလဲ ၊ယောက်ဖလေးကိုသနားလိုက်တာ !!
ဟူးကနဲ သက်ပြင်းချလိုက်ပြီး နေ အစ်မ၏မျက်နှာကိုကြည့်မိသည် ။ချစ်ရသူကမျက်နှာမကောင်းတော့ နေနေ့ ခမျာမှာလည်း မျက်နှာလေးညိုးနေရှာသည် ။
မနေ့ကမှ Ukသို့ပညာတော်သင်ထွက်သွားသည့် ဘုန်းဟာ မနက်ဖြန်ကျရောက်တော့မည့်မမလွှာ၏မင်္ဂလာပွဲအား ရင်ဆိုင်ဖို့ ခံနိုင်ရည်အားမဲ့သွားသည်ထင်ပါရဲ့ ။ ယိမ်း သာမောင်လေးဖြစ်သူ၏အခန်းထဲသို့ဝင်မရှင်းခဲ့လျှင် သူ၏မှတ်စုစာအုပ်ကလေးကိုလည်း တွေ့လိမ့်မည်မဟုတ်ပေ ။
ဘယ်သူထင်မှာလဲ ၊ဆယ့်ငါးနှစ်သား အရွယ်ကောင်ကလေး၏အချစ်ဟာ သူ၏အသက်နှစ်ဆယ်ပြည့်တဲ့အထိ တည်မြဲနေတုန်းပဲဆိုတာ ...။ ယိမ်း ကထိုစာအုပ်အားဖတ်ပြီးသည်နှင့် အားရပါးရရှိုက်ငိုမိသလို နေ ပါမျက်ရည်မဆယ်နိုင်အောင် စိတ်မကောင်းဖြစ်ခဲ့ရသည်လေ။
15.12.20...
ဒီစာလေးက ကျွန်တော်နောက်ဆုံးရေးဖြစ်ခဲ့တဲ့ မှတ်စုစာတိုလေးဖြစ်သွားနိုင်ပါတယ် ....
Dateအတိအကျနှင့်ရေးသားကာ ပထမဆုံးအစချီခဲ့တဲ့ စာကြောင်းလေး ။ ဘယ်လောက်ထိ သဘောကျနေကြောင်းနှင့် မမလွှာ၏အပြုအမှုသေးသေးကစ ဘာ်လောက်မြတ်နိုးရပါကြောင်းမှတ်တမ်းတင်ရေးသားထားသော စာမျက်နှာတွေ ....
--
စာအုပ်တစ်အုပ်လုံးကို အသေချာဖတ်ပြီးသည့်အခါမှာ မမလွှာ ထိုစာအုပ်ကလေးအား လေးပင်စွာပိတ်ချလိုက်ပါသည်။ ပြီးနောက် ခပ်ဖွဖွပြုံးလိုက်ပြီး
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!