"ဟော ။ ပေါ်တော်မူကြီးလာပါပြီရှင်။ အကြောင်းမကြားဘာမကြားနဲ့ ဘာကိစ္စတုန်း။"
တီတီအိမ့်မြတ်ခြယ်၏ ရွဲ့တဲ့တဲ့စကားကြောင့် တက်နိုင်သလောက်မျက်နှာလေးကိုငယ်ပြရသည်။
"ဟိုလေ တီတီ့ကလေးတွေကစာမေးပွဲနီးပြီဆိုတော့ ဒီနေ့ကစပြီးလာကူပေးတော့မယ်လေနော်။ပြီးတော့ စာမေးပွဲအတွင်းဆို ဒီမှာညအိပ်ရမယ်ဆို။အဲ့ဒါကြောင့် အဝတ်အစားထုပ်ပါယူလာတယ် ဟီး။"
"အောင်မလေး ။ဒီမှာ ထိုင်နေတာ တီတီ့တူမအိမ့်ဆုနေသော်မှဟုတ်ရဲ့လား။ လူများမှားနေသလားဘဲ"
"ဟုတ်ပါတယ် တီတီရ။ တစ်ကယ်တီတီ့တူမမှတီတီ့တူမအစစ်ပါ ။ဒီလောက်ချောမောနေတာကို လူမှားစရာလား။"
'ဟေ ငါမြေးရောက်နေတာလား။"
ထိုစဉ် ဘုရားဝတ်ပြုပြီးထွက်လာသည့်ဘွားကြောင့် အားတက်သွားရသည်။ မျက်နှာချိုသွေးရင်း ဘွားကိုပြေးဖက်ပစ်လိုက်သည်။
"ဟီး ဟုတ်တယ် ဘွား။ ဒီနေ့ကစပြီး ဘွားနဲ့လာနေတော့မလို့။တီတီ့ ကလေးတွေကိုစာကူပြရင်းနဲ့လေ။"
"ဟုတ်လား။ကောင်တာပေါ့ကွယ်။ငါ့မြေးကသိတတ်လိုက်တာ ။"
ထိုသို့ပြောရင်း နေ့ နဖူးအားလာနမ်းလေသည်မို့ ဘွား၏ပါးလေးအားပြန်၍နမ်းလိုက်သည် ။ တီတီကတော့ မသင်ကာသည့်မျက်ဝန်းတွေဖြင့်စူးစမ်းသလိုကြည့်နေသည်။
ထိုစဉ် တီတီ့၏ဖုန်းလေးဟာထမြည်လာသည်မို့ ရင်ထဲထိပ်ကနဲဖြစ်သွားသည်။ contacts nameက" အကိုကြီး "တဲ့လေ။
"မြေး ဘာစားခဲ့ပြီးပြီလဲ ။ ဘွားအိမ်မှာလည်း ဘီစကွပ်ကလွဲပြီးကျန်တာမရှိဘူးကွယ်။မြေးစားချင် ဘွားလုပ်ပေးမယ်လေ။"
"အာ စားခဲ့ပြီးပါပြီ ဘွားရဲ့။ ဘွားပင်ပန်းနေပါ့မယ် မီးဖိုချောင်ထဲမဝင်ပါနဲ့တော့ ဘွားရယ်။ တစ်ခုခုဆို တီတီ့ကိုခိုင်းလို့ရသားနဲ့။
ထိုစကားကိုကြားတော့ ဖုန်းပြောနေရင်းမှ တီတီဟာဖျက်ကနဲမျက်စောင်းလှမ်းထိုးသည်မို့ တံထွေးမြိုချမိလိုက်သည်။
"အမလေး မြေးတီတီက သူ့ကလေးတွေသူတောင်နိုင်တာမဟုတ်ဘူးလေကွယ်။ခုတောင် ငါ့မြေးလာကူနေရပြီ မဟုတ်လား။ တစ်ခုခုဆို မိအေးလည်းရှိပါတယ်ကွယ်။ဘွားကိုက မနေနိုင်လို့ပါ။"
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!