34။

10.3K 502 6
                                    

နေ့ရက်တွေဟာတစ်ဖြည်းဖြည်းကူးလူးပြောင်းရွေ့လာသည်နှင့်အမျှ အိမ့်ဆုနေသော်တစ်ယောက်ဟာဖြင့် စာကိုသာအလူးအလဲကြိုးစားနေရှာသည်။ ထို့နောက် အတန်းဆင်းရင်လည်း အစ်မနှင့်အတူ ကလေးတွေအားစာကူပြပေးရတာလဲအမောပင်။ ဪ အခုဆိုရင်ဖြင့် နေ တို့ညီအစ်မနှစ်ယောက်ဟာလည်း ဘွားအိမ်မှာသာညအိပ်နေရသည်။ အစ်မတစ်ယောက်ကတော့ အလုပ်ပြီးချိန်မှသာရောက်လာပြီးဝိုင်းကူပေးလေသည်။

အခုဆိုရင်ဖြင့် နေ့ ၏ဒဏ်ရာတွေသည်လည်းအရှင်းပျောက်နေပြီဖြစ်သလို ဟိုလူ့အားတရားစွဲရန်လုပ်နေကြသည့်ကိစ္စအား ‌ကာယကံရှင်တစ်ယောက်အနေဖြင့် တားဆီးမိခဲ့သည်။ ထို့ကြောင့် အစ်မ၏စိတ်ကောက်ခြင်းကိုလည်း သုံးရက်တိတိတောင်ခံခဲ့ရသည်မို့ ခုရက်‌ပိုင်းတွေအတွင်း နေ့မှာငြိမ်နေရသည်။ ဟုတ်သည်လေ ၊ နေ လည်းအရမ်းကြီးဖြစ်သွားတာမှမဟုတ်ဘဲလေ ၊ ပြသာနတွေကိုပုံကြီးမချဲ့ချင်ပါဘူး။ နေ့ မိဘတွေနှင့်ဘွားကလည်း အရမ်းစိတ်ဆိုးနေပေမယ့် နေနေ့၏ဆန္ဒအားအကုန်လိုက်လျောပေးကြပါသည်။

ညနေတောင်စောင်းနေပြီးမို့ နေနေ တစ်ယောက်ဒန်းပေါ်တွင်ထိုင်ကာ အစ်မအားမျှော်‌နေမိသည်။ကလေးတွေဟာ တစ်စတစ်စနှင့်ရောက်လာပြီး လူစုံသလောက်ပင်ဖြစ်နေသည်။ ဪ ဒါပေမယ့် ဘုန်းထက်တော့ မရောက်လာသေးဘူး။

"မမနေနေ ဘာတွေငေးတာတုန်းဗျ"

"ဘာမှမငေးပါဘူး ဇေယျာသက်ဇူးမောင်ရယ် ။"

တက်ကြွကြွဖြင့် မေးလာသည့်ကောင်လေးအား စိတ်မပါစွာပင်ပြန်ဖြေလိုက်မိသည်။

"မမယိမ်းကိုစောင့်နေတာမို့လား။ ကျွန်တော်လည်း ဘုန်းထက်ကိုစောင့်နေတာ ဗျ။မောင်နှမနှစ်ယောက်အတူလာကြမယ်ထင်တယ်နော် ။"

"အွန်း ထင်တာဘဲ ။ လွမ်းလှပါပြီဆို "

ရိတွဲစွာဖြင့် ငြီးတွားမိလိုက်သည်ကို ဘေးကကောင်လေးဟာ သဘောကျစွာဖြင့်တစ်ဟားဟားရယ်လေတော့သည်။ ထို့ကြောင့် နေ့ မှာမလုံမလဲဖြင့် နေရခက်သွားလေသည်။

"တကယ်ပါဘဲ ။ ထိန်းနေရဲ့ကြားက ဒီပါးစပ်ကလည်း ။"

ပွစိပွစိဖြင့် ကိုယ့်ပါးစပ်အားရန်လုပ်ရင်း လက်ဖြင့်ရိုက်လိုက်မိသည်။ အစကတည်းက မရှက်တဲ့အရှက်လေးတွေသွားပါပြီ ။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang