" ယူတို့ကလည်း ဒီမှာဘဲ အိပ်လိုက်ကြတာမဟုတ်ဘူး တကယ်ပြောရဆိုရခက်လိုက်တာ ။!
မမ၏အလိုမကျသည့်အသံ။
"ဟုတ်သားဘဲ အစ်မရာ။ ခုချိန်ကတော်တော်မိုးချုပ်နေပြီ နေ စိတ်မချပါဘူး ။ဒီမှာဘဲ အိပ်လိုက်ပါ နော် ။မမဝင့်လွှာရောဘဲ ဒီမှာဘဲအိပ်လိုက်ပါ အခန်းလွတ်တွေများကြီးရှိတယ်ရယ်။!
ဘေးနားက ငြိမ်ငြိမ်လေးထိုင်နေသည့် မောင်လေးအားတစ်လှည့် စူပုတ်နေသည့်ညီအစ်မနှစ်ယောက်အားတစ်လှည့်ကြည့်ကာဗျာများနေရသည်။ ကိုယ်တိုင်က အဆင်ပြေပေမယ့် မောင်လေးကလည်းရှိသေးသည်မို့
"မဖြစ်ပါဘူးကွယ်။ မောင်လေးကလည်းရှိသေးတာဆိုတော့ ပြန်မှဖြစ်မှာပါ ။ ဝင့်လွှာကတော့ ဒီမှာအိပ်လိုက်လို့အဆင်ပြေတယ်မလား ။"
ယိမ်း၏အသံကြောင့် ဝင့်လွှာဟာ
"ဟင့်အင်း အိမ်မှာမာမီတစ်ယောက်တည်းရယ်။ တို့လည်းပြန်မှဖြစ်မှာ ။"
"ဒါဆိုလည်း တူတူပြန်ကြတာပေါ့။ "
"အစ်မကလည်း ။ နေ စိတ်မချဘူးလို့။"
မမကဘာမှမပြောတော့ပေမယ့် နေ ကတော့ထပ်ပြီးအထွန့်တက်မိပြန်သည်။ ညအချိန်ဟာရှစ်နာရီတောင်ထိုးလုပြီမို့ စိတ်ပူမိတာအပြစ်လား။
"ဘာမှမဖြစ်ပါဘူး ကလေးရယ် ။ စိတ်ပူမနေနဲ့ ဟုတ်ပြီလား။တို့ အိမ်ရောက်ရင် ဖုန်းဆက်လိုက်မယ်။"
ထိုသို့သာ ချော့ရင်း အတင်းထပြန်ဖို့လုပ်နေသည်မို့ နေ့မှာ ဘာမှပြန်မပြောနိုင်တော့ပေ။
"ဂရုစိုက်ပြီးမောင်းကြနော် ယူတို့ ။"
ကားဟာနှစ်စီးမို့ တစ်စီးတည်းစုပြီး ပြန်ဖို့ရာလမ်းမတူသည်မို့ ဝင့်လွှာကတစ်စီး ယိမ်းတို့ကတစ်စီးဖြင့်ပြန်ရမည်မို့ ပန်း တစ်ယောက်စိတ်ပူစွာဖြင့်သတိပေးမိပြန်သည်။
"အိမ်ရောက်ရင် ဖုန်းဆက်နော်။ ဆက်ဆက်စောင့်နေမယ် ။"
"အွန်းပါ ကလေးရယ် ။"
ဟုဆိုရင်း မောင်းထွက်သွားကြလေသည်မို့ ညီအစ်မနှစ်ယောက်လုံးစိတ်ပူစွာဖြင့်ရပ်ကာကျန်နေခဲ့ရသည်။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!