"ဟဲ့ နေနေ ဘာဖြစ်နေတာတုန်း ။ နင့်မဂ်လာပွဲကရှေ့လဘဲရောက်တော့မှာကို ပျော်နေရမှာမဟုတ်ဘူးလား။"
မနက်အစောကြီးကျောင်းသို့ရောက်ချလာပြီး မှိုင်နေသည့် နေ့ အားဖူးခတ်ကဝင်ပြောလာသည်။ အတန်းတက်ဖို့အချိန်ဟာစောလွန်းနေသေးတာကြောင့် နေရယ် ဟန်ရယ် ဖူးခတ်ရယ် သုံးယောက်အရင်ရောက်နေခြင်းဖြစ်သည်။
"မဟုတ်ပါဘူးဟ ငါပျော်ပါတယ်။"
မဂ်လာပွဲကရောက်တော့မည်ဖြစ်ေသာ်လည်းနေနေ မှာမပျော်နိုင်သည့်အကြောင်းအရင်းကတော့ အစ်မတစ်ယောက်သူ့အားစိတ်ကောက်နေသည်မှာနှစ်ရက်ပင်ရှိလေပြီမို့ နေ့မှာမနေတတ်မထိုင်တတ်ဖြစ်နေရသည်လေ။
"နင့်ပျော်တယ်ရုပ်ကလည်းဟယ် မနက်စောစောစီးစီးကျက်သရေမရှိလိုက်တာ။!
"ချီးစားလေ!! နင့်ရုပ်ကရော ဘယ်လောက်ကျက်သရေရှိနေလို့တုန်း။"
နေ့ ၏ပြန်ဖဲ့သည့်စကားကြောင့် ဘေးမှာရှမ်းခေါက်ဆွဲစားနေသော ဟန်ကသီးလေသည်။
"အဟွတ် အဟွတ် နင်တို့နှစ်ကောင်ရန်ဖြစ်မယ်ဆိုလည်း အခြားနေရာသွားဖြစ်ကြ ။ အစားအသောက်ပျက်တယ်ဟဲ့ ။"
"နင်ဘဲ စားနေတာမဟုတ်ပါဘူးနော်။ ငါလည်း ကော်ဖီသောက်နေတာဘဲ။"
တစ်လောကလုံးနှင့်ရန်ပတ်ဖြစ်နေသည့် ဖူးခတ်အား နေရော ဟန်ပါ လျစ်လျူရှုလိုက်ပြီး ရှေ့ကနန်းကြီးသုပ်ကိုပင် စိတ်မပါစွာစားနေလိုက်တော့သည်။
-------------
"ကောင်မရယ် ။ နင့်မျက်နှာကြီးကိုကြည့်နေရတာ အီးမှန်ထားသလိုဘဲ ၊ စိတ်မချမ်းမသာရှိလိုက်တာဟယ်။"
အတန်းဆင်းချိန်ဖြစ်သည်မို့ အခြားသူတွေက ရွှင်မြူးတက်ကြွနေပေမယ့် နေ့ မှာမပျော်နိုင်သေးပေ။
"ဟဲ့ ငါတို့ အိမ်တန်းမပြန်သေးဘဲ ဘီယာလေးတစ်ခွက်နှစ်ခွက်လောက်သွားကစ်ရအောင်လေ။"
သက်ငုံဖူး၏အပြော။
"ငါလိုက်လို့မရဘူးဟ ။ ဒီနေ့ စောစောပြန်ရမှာ ။"
သမီးအလိမ္မာလေးတိမ်လွှာ၏စကားအား ဟန်ကပါ
"ဟုတ်တယ် ။ ဟိုမှာ ကြည့်အုံး ။ငါ့အိမ်ကလာကြိုနေပြီ။တစ်ခွက်တစ်နှစ်ခွက်မပြောနဲ့ အနံ့တောင်ရှုရဖို့မလွယ်ဘူး ငါလေးသနားပါတယ် ဟင့်"
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!