သူမတို့ကားလေး ဆေးရုံသို့ရောက်ရောက်ခြင်းပင် ယိမ်းတစ်ယောက် ကားထဲကနေအမြန်ထွက်လာခဲ့သည်။ သက်သက်ဟာ
လည်းကားထဲမှထွက်ကာ ယိမ်းအနောက်မှလိုက်ပါလာခဲ့သည်။တောင်ကြီးမှအပြန် မန္တလေးဆေးရုံကိုသာတန်းဝင်လာခဲ့သည်မို့အနည်းငယ်နွမ်းလျနေလေသည်။"ဝင့် ယူဘယ်လိုဖြစ်တာလဲ သက်သာရဲ့လားဟင်"
" သက်သာပါတယ် ယိမ်းရဲ့ တို့ဘာမှမဖြစ်ဘူး"
ကုတင်ဘေးကလူနာစောင့်ခုံလေးပေါ်တွင်ဝင်ထိုင်ရင်း ယိမ်းမေးလိုက်သည်။ဆေးပိုက်တန်းလန်းနှင့် ကုတင်ပေါ်မှဖျော့ဖျော့လေးပြုံးပြကာ ပြန်ဖြေသည့်အဖြေအားသိပ်ပြီးသဘောမတွေ့သည်မို့
"ဟုတ်ရဲ့လား ဝင့်ရယ် ဆရာဝန်ကဘာပြောလဲဟင် ယူ့နှုတ်ခမ်းအရောင်ေလးဖျော့နေသလားလို့"
"အာ ဘာမှမဖြစ်ပါဘူးဆို ယိမ်းရယ် တို့အားနည်းပြီးလဲကျယုံပါ ။ပန်း ယူ ကူပြောအုံးလေ"
သူမမျက်နှာအားငုံ့ကြည့်ကာ အစိုးအရိမ်တကြီးမေးနေသည့် ယိမ်းအားစိတ်မပူရန်အသာငြင်းမိသည်။ဘေးနားကတစ်ချိန်လုံး စောင့်ေပးသည့်ပန်းဆုဟာလည်းလူနာကုတင်ေပါ်သို့ကျူးကျော်ကာဖုန်းကိုသာသဲကြီးမဲကြီးကြည့်နေလေသည်။
"အော် အင်းဟုတ်တယ် ဝင့်လွှာကအားနည်းပြီးလဲကျသွားတာ "
"ပန်းဆုနေသော် နင်ကလူနာလား ဝင့်လွှာကလူနာလားပြောပါအုံး"
"ဘာလဲ ဘာလဲ တို့ကအကောင်းကြီး"
ယိမ်း အမြင်ကပ်စွာငေါက်လိုက်တော့ ထိုအမိကမျက်လုံးလှန်ကြည့်ကာ ပြန်၍ရန်ထောင်လေသည်။
"တော်ကြပါတော့ဟာ~ နင်တို့ကလည်း~တွေ့ရင်~သတ်မယ်ဆိုတာကြီးဘဲ
ပန်း ~ယူလည်းတော်တော့~ ယိမ်း~ကော ဟိုခလေးမလေးကို~ထိုင်ခိုင်းအုံးလေ ေရာက်လာကတည်း~က~မတ်တပ်ကြီးညောင်းနေရော့မယ်~~"ဝင့်လွှာကစကားအရှည်ကြီးအား လေသံဖျော့ဖျော့နှင့်မနည်းအားယူကာပြောလိုက်တော့ အာခေါင်တွေခြောက်လာသည်။
"အာ ဟုတ်သားကွယ် တို့မေ့နေတာ လာ သက်သက် မမနားမှာလာထိုင် နော် "
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!