မနက်ခင်း၏နေရောင်ခြည်ဖျဖျဟာ အိပ်စက်နေသောကောင်မလေးနှစ်ဦးဆီသို့လှပစွာဖြာကျလျက်ရှိသည်။ အချိန်ဟာ မနက်ခြောက်နာရီပင် ရှိနေသော်လည်း ထိုကောင်မလေးနှစ်ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပျော်နေဆဲပင်ဖြစ်သည်။
လက်မောင်းဆီမှထုံကျင်ကိုက်ခဲလာသော နာကျင်မှုကြောင့် နေ မျက်ခုံးတွေကိုတွန့်ချိုးလိုက်ရင်း ငြီးငြူလိုက်မိသည်။
"အာ့ ကျွတ် ကျွတ် ။နာလိုက်တာ ။!
မျက်လုံးတွေအား မဖွင့်သေးဘဲ သူမလက်မောင်းကိုလှုပ်လိုက်မိသော်လည်း လေးပင်အရာတစ်ခုကခံနေသည် ။နေ မျက်လုံးပြူးပြဲကာ ကြည့်မိလိုက်တော့ အသက်ရှုဖို့ပင်မေ့သွားရေလသည်။ အလွန်လှပသော ဒီအမျိုးသမီးလေး၏အလှအား ဘယ်လိုအမွှန်းတင်ရမှန်းမသိပေ ။ ချောသည် လှသည် ဆိုတာထက် ဒီအမျိုးသမီးလေးဟာ သိပ်ကိုပြီးပြည့်စုံလွန်းနေသည် ။ နေ့ ဘက်သို့တစ်စောင်းလေးလှည့်ကာ အိပ်ပျော်နေသည် နေ့၏အမျိုးသမီးလေးသည် ကလေးလေးတစ်ယောက်နှင့်တူ၏ ကော့ညွှန်နေသော မျက်တောင် ၊ ထူထဲသောမျက်ခုံးတွေ ၊ ဟော နှုတ်ခမ်းလေးအား အကြည့်ရောက်မိပြန်တော့ တံတွေးမြိုချလိုက်သည် ။
"ပြွတ် !
မနေနိုင်စွာနှင့် ဖူးအိကာစိုရဲနေသော နှုတ်ခမ်းလေးကိုပြွတ်ကနဲမြည်အောင် နမ်းလိုက်မိသည်။ ထိုအခါမှ လူးလွန့်လာသည့် နေ့၏အမျိူးသမီးလေး ၊ ရှည်လျားသည့်ဆံပင်တွေသည် စည်းနှောင်ခြင်းကင်းမဲ့နေသည်မို့ ခေါင်းအုံးပေါ်တွင်ပြန့်ကျဲနေသည်။ ထို့ ဆံပင်တွေ၏အနံ့အသင်းသင်းဟာ နေ့ အမျိုးသမီးလေးဆီမှ အမြဲတမ်းရနေကြပင်။
"အဟီး နိုးလာပြီလား မိန်းမ "
နေ နဖူးလေးအား ထပ်မံအနမ်းခြွေလိုက်ရင်း မေးလိုက်တော့
"အွန်း ဘယ်ချိန်ရှိနေပြီလဲ ။"
"စောပါသေးတယ် ခုမှခြောက်နာရီကျော်ကျော်ဘဲရှိသေးတယ် ။"
"ဟင် ခြောက်နာရီတောင်ကျော်သွားပြီလား။ဒုက္ခပါဘဲ ၊ ဒီနေ့ အစည်းအဝေးရှိတယ် ၊စောစောသွားရမှာ ။"
ထိုသို့ ဆိုရင်း ထထိုင်လိုက်သည်မို့ သူမတို့ကိုယ်ပေါ်တွင်လွှမ်းခြုံထားသည့် စောင်လေးသည်လျှောကျသွားလေသည်။ ထို့ကြောင့် နေ့ မှာမျက်လုံးပြူးမျက်ဆံပြူးသွားရလေသည်။ နှစ်ဦးစလုံးတွင် အဝတ်အစားရယ်လို့ ဘယ်သူမှပါမနေတာကြောင့်ကော ၊မနက်ခင်းရှင်းရှင်းလင်းလင်းကြီးမှာ ဖြစ်တာရောတစ်ကြောင်းမို့ ရင်တွေထိပ်ကနဲပင်။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!