18။

9.9K 523 0
                                    


"မလိုအပ်တာတွေဆိုရင်မမေးစမ်းပါနဲ့ အိမ့်ဆုနေသော်ရယ်"!!

"လိုအပ်တယ်။သိပ်ကိုလိုအပ်တဲ့မေးခွန်းမို့မေးမှကိုဖြစ်မယ်"

စေ့စပ်ပွဲပြီးသည့်နေ့မှ စ၍အိမ့်ဆုနေသော်ဟာအလုပ်တစ်ခုရနေလေသည်။ထိုသည်မှာ ယိမ်း ၏ကုမ္ပဏီသို့ အချိန်မှန်မှန်ရောက်လာတတ်ခြင်းဖြစ်သည်။ တီတီအိမ့်မြတ်ခြယ်၏ ကျူရှင်ဝိုင်းသို့ ဝိုင်းကူနေရတာကတစ်ကြောင်းကြောင့် မနက်ပိုင်း ကိုးနာရီမှစ၍လာနေသည်မှာ ညနေရုံးဆင်းမှသာပြန်၏ မလာပါနဲ့ ဟုတားသော်လည်းမရပေ။ နေ့လည်စာလာပို့ရင်းနဲ့မို့ မတားပါနဲ့ဟုဆိုကာ လက်ထဲမှငါးဆင့်ဂျိုင့်ကြီးပါပါလာတတ်သည်မို့ တားလို့လည်းမ‌ေကာင်းတော့ပေ။

ယခုကား နေ့လည်စာအတူစားပြီးလို့ တစ်နာရီပင်မပြည့်သေး မုန့်စားချင်လို့ ဟုဆိုကာဂျီကျနေသည့်သူကြောင့် လိုက်ဝယ်ပေးရပြန်သည်။ ဝန်ထမ်းတစ်ယောက်ကိုသွားဝယ်ခိုင်းမည်ဟုဆိုသော်လည်း ဒင်းကသူကိုယ်တိုင်စိတ်ကြိုက်ဝယ်ချင်ပြန်သတဲ့။
အခုလည်းကြည့် မုန့်တွေဝယ်ပြီးလို့အပြန် ကားမောင်းနေသည့်သူကိုပင် အာရုံပျက်အောင် ပေါက်ပေါက်ဖောက်ရင်းပါလာသည့် သူရယ်ပါ။

"အစ်မလို့ မေးစရာရှိတယ် ။"

"တစ်လမ်းလုံးတစ်တွတ်တွတ်ပြောပြီးလိုက်လာတာကိုမမောသေးဘူးလားအိမ့်ဆုနေသော် ။"

ယိမ်း စိတ်မရှည်သလိုပြောလိုက်တော့ စူပုတ်ကာလက်ညိုးလေးတစ်ထောင်ထောင်ဖြင့်မရရအောင်ဂျီကျသည်။

"အစ်မကလည်း ဒီတစ်ခုဘဲမေးပြီးရင် ဘာမှမပြောတော့ဘူးလေ နော် ။နော်လို့!!

"ကဲ အဲ့ဆိုလည်းမေး မေး"

"နေ့ ကိုချစ်လား "?

"ဘာ !

"နေ့ကိုချစ်လားလို့  ။ နေ့ကိုချစ်လား လို့"

အနားသို့တိုးကပ်လာကာထိုကလေးမ၏ အာပြဲလျှာပြဲအော်ပြောနေပုံကြောင့် ကားကိုလမ်းဘေးသို့ထိုးရပ်လိုက်ရသည်။

"ဆင်းတော့ "

"ဟမ်

"ပေါက်တက်ကရလျှောက်ပြောနေအုံးမယ်ဆို ကားပေါ်ကဆင်းတော့ ။ ဒါတွေပြောဖို့အားမနေဘူးနော် ။တို့အလုပ်လုပ်ရအုံးမယ်။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang