"မယိမ်း ဟန့်ကိုမတိုင်ပါနဲ့ဆို။ နော်လို့
မယိမ်းလို့ ""ဘယ်လိုဖြစ်နေရတာလဲ ဟန်လေးရယ် ။ဒီမှာအလုပ်လုပ်နေတယ်လေ "
ဟန်လေးက ကဖေးဆိုင်က အပြန်မှာကတည်းကသူ့အိမ်သူမပြန်ပါဘဲ ယိမ်းအနောက်ကတစ်ကောက်ကောက်နှင့်ပါလာခဲ့ေလသည်။ တစ်လနေမှ တစ်ခေါက်လောက်သာ ရောက်လာတတ်သော ဟန်သု့ပန်က ဗြုန်းစားကြီး ယိမ်းနှင့်အိမ်သို့ပါလာခဲ့သည်မို့ မာမီတို့ကပင်အံ့ဩနေကြသည်အထိ ပင်။
ယခုကား ယိမ်း၏အခန်းထဲသို့ရောက်နေကြခြင်းဖြစ်သည်။ ခပ်စောစောအချိန်လောက်ကတည်းက ပန်းတို့နှင့်ပါလာသည်မို့ အလုပ်တွေကိုပစ်ထားခဲ့ရသည်က အိမ်သို့ပြန်လာတော့ အနည်းငယ်တောင်မှောင်ရီပျိုးနေလေပြီဖြစ်သည်။
"ဟန့်ကိုမတိုင်ပါနဲ့ဆို နော်လို့ "!!
မယိမ်းနော် ဟန်ဒီမှာဘဲအိပ်မယ်!!ယိမ်းအတွေးတို့ပင် မဆုံးသေး ၊ အိပ်ယာပေါ်တွင်အိပ်လိုက် မှောက်လိုက်ဖြင့်လူးလိမ့်နေသည်မို့ ယိမ်း စိတ်မရှည်ချင်တော့။
"သဘော သဘော ရှင့်သဘောဘဲ "
"မယိမ်းကလည်း ဟန့်ကိုကြည့်ပါအုံး လို့"!
အနားကနေ တစ်ဂျီဂျီလုပ်နေသည့်ဟန့်ကြောင့် ယိမ်းLaptop အားပိတ်လိုက်ကာ သူပြောသလို သူ့အားစိုက်ကြည့်လိုက်သည်။
"ကဲ ဘာလဲ ပြော "
"မတိုင်ပါနဲ့လို့ နော် ဟန့်ကိုမတိုင်နဲ့ဆို "
ဒီစကားတစ်ခွန်းကိုဘဲထပ်တစ်လဲလဲပြောနေသည့် သူ။ အိမ်ကိုလည်းမပိုင် အိမ်ကလည်းမနိုင်ဆိုတာ ဟန်သု့ပန်မှအစစ်။ ဒယ်ဒီ့၏အစ်မအကြီးဆံုးဖြစ်တဲ့ တီတီကြီး ဟန်ကလျာ ၏တစ်ဦးတည်းသော သမီးဖြစ်တဲ့ ဟန်ဟာသိပ်သိပ်ဆိုးသည်။ ကလေးမရနိုင်တာေကြာင့် အချိန်အတော်ကြာစိတ်ထိခိုက်ေနရှာတဲ့ တီတီကြီးဟာ ယိမ်း အသက်6နှစ်လောက်မှ ဟန့်ကိုလွယ်ရခဲ့တာပင်။ ခက်ခက်ခဲခဲ ရလာတဲ့သမီးလေးမို့ တီတီကြီးအပါအဝင် တစ်မိသားစုလုံးဟာသည်းသည်းလှုပ်အလိုလိုက်ခဲ့ကြတာပင်။
"မယိမ်းလို့ ဟန် ပြောတာကြားရဲ့လား "?
မနားတမ်း သာလိကာလိုဇွတ်ပြောနေသည့် ဟန်ကြောင့် ယိမ်းသက်ပြင်းချလိုက်မိသည်။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Puisi"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!