ယနေ့ နေနေတို့သူငယ်ချင်းအုပ်စု တက္ကသိုလ်ပထမဆုံးစတက်ရသည့်နေ့ပင်ဖြစ်လေသည်။ တစ်ဖွဲ့လုံးစိတ်တူ၊ကိုယ်တူ၊ဝါသနာတူနှင့်နည်းပညာတက္ကသိုလ်ကိုဘဲရွေးချယ်ခဲ့ကြသည်မို့အုပ်စုကွဲမသွားသည်ကိုပင်ကျေးဇူးတင်ရမည်။ သို့သော် ယနေ့ကတော့အရမ်းကိုပျင်းရိငြီးငွေ့စရာကောင်းလှ၏ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်းသိပ်မတွေ့ရသလို ကျောင်းဝင်းထဲရှ်ိကန်တင်းတစ်နေရာတွင်လည်း အစားအသောက်တွေဟာထင်သလောက်မစုံလင်သေးတာကြောင့်လည်းပါမည်ထင်၏
"ဟဲ့ ပထမဆုံးရက်ကြီးမှာဘာပြုလို့မျက်နှာကြီးအောက်သိုးနေရတာတုန်း နေနေရာ။ ပြီးတော့ မသောက်ဘဲနဲ့အဲ့အအေးခွက်ကိုလည်းကော်ဖီဇွန်းကြီးနဲ့အသံမြည်အောင်တစ်တွီတွီမြည်ေအာင်မမွှေပါနဲ့ဟာ။ငါနားညီးလွန်းလို့ပါ။"
ဟန်သု့ပန်က မနေနိုင်သည့်အဆုံးမှာအားနဲ့မာန်နဲ့ဟောက်တော့သည်။ ယနေ့မှကျောင်းစဖွင့်သည့်နေ့မို့တစ်ချို့မလာတဲ့သူတွေရှိပေမယ့် နေနေ တို့အဖွဲ့ကသာအိမ်ကိုမလွန်ဆန်နိုင်၍လာခဲ့ရခြင်းဖြစ်ကြသည်။ ပထမဆုံးနေ့ဆိုသည်မှာလည်း ခြောက်ကပ်ကပ်နိုင်လှ၏။
"ပျင်းလို့ပေါ့ ဖြစ်နိုင်ရင်မတက်ချင်ဘူး။"
နေ စိတ်မှိုင်လက်မှိုင်ကျကာ မျက်ခုံးတွေကိုတွန့်ချိုးရင်းပြန်ဖြေလိုက်သည်။တစ်ကယ်လည်း ပျင်းသည်ဆိုတာထက် အစ်မနဲ့မတွေ့ရသည့်တစ်ခုတည်းသောအကြောင်းကြောင့် ဆိုပိုမှန်လိမ့်မည်။ အိမ့်ဆုနေသော် ဆိုတာချစ်ရသူသာရှိနေရင်ပူပြင်းခြောက်သွေ့နေတဲ့သဲကန္တရထဲမှာတောင်လက်ပစ်ကူးမည့်လူမျိုးမဟုတ်လား။
"အမလေး နေနေရယ် နင့်အကြောင်းငါတို့မသိတာကျလို့ ။နင် မယိမ်းနဲ့မတွေ့ရလို့မလား။ "
"ဟုတ်တယ် ဟုတ်တယ်။ အဲ့ကောင်မက အချစ်နဲ့ထိတွေ့ပြီးကတည်းကငါတို့နဲ့ကိုကြာကြာမကပ်တော့ဘူး! ကြာတော့အမြင်ကိုကပ်တယ် ။လက်ထပ်ပြီးရင်လည်း အချိန်တိုင်းနေ့တိုင်းတွေ့ရမှာဘဲကို ဒင်းကိုကအဖြစ်သည်းနေတာ "
ဖူးခတ်က မဲ့ရွဲ့ကာအပြစ်တင်သလိုလေသံနှင့်ပြောလာသည်။တစ်နေ့က အပြင်မှာစားကြသောက်ကြအပီကဲကြမည်ဟုစီစဉ်ထားသော်လည်း နေတစ်ယောက် အစ်မ၏ကုမ္ပဏီကိုသာတောက်တဲ့လိုတွယ်၍လိုက်သွားခဲ့သည်မဟုတ်လား။ဒါကိုပင် ဖူးခတ်မ အခဲမကျေသေးပုံရ၏
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!