မနက်အစောကြီး friend zone group chat ထဲကနေ အတင်းဗွီဒီရိုကော တွေဇွတ်ခေါ်နေကြသည့်မို့ နေ တစ်ယောက်မထချင်ထချင်ဖြင့် ထကိုင်ခဲ့ရသည်။ ကိုင်ပြီးပြီးချင်းပင် အရင်ဆုံး ဟန့်၏မျက်နှာပြောင်ကြီးဟာ အထင်းသားပေါ်လာခဲ့သည်။ ထို့နောက် ဖူးခက်မ၏ မဲမှောင်နေသော မျက်နှာ နှင့် အကုန်လုံး၏ရုပ်ဆိုးပန်းဆိုးပုံများ ။
"ဘာ ဘယ်လို ဘယ်လို ပြန်ပြောစမ်း "
"ငါ့အစ်မနဲ့ အဲ့ကောင်မနဲ့ယူကြတော့မှာတဲ့"
"ဟယ် ဘယ်ကနေဘယ်လိုတွေဖြစ်သွားကြတာ ...
"တစ်ကယ်ကြီးလား"!
တစ်ယောက်တစ်ပေါက် နှင့်အပြိုင်လုပြောနေကြသည့်စကားတွေကြောင့် အိပ်ချင်မူးတူးဖြစ်နေတာပင်ပျောက်ရှသွားရသည်။နေပါအုံး မဟုတ်မှ ငါ့အကြောင်းပြောနေကြတာလား ya..!!!!ချီးဘဲ ..."!
"ငါဖုန်းထဲကနေ ပြောလို့အားမရတော့ဘူးဟယ် ငါတို့စုံနေကြဆိုင်ကိုသွားကြရအောင်...."
"ဟမ် မနက်အစောကြီးကိုလား " နေ မျက်လုံးအပြူးသားနှင့် ငုတ်တုတ်မေ့နေရ၏
"အေး ကောင်းတယ် ငါအခုထွက်လာပြီ"
"ငါကတော့ စာလုပ်ပြီးမှထွက်ခဲ့ရမှာမို့ နည်းနည်းနောက်ကျမယ်နော် "
"အေးပါ ရတယ် ရတယ်"
"ဟဲ့ ဟိုကောင်မ နင်ကတော့လာချင်လာ မလာချင်နေနော် I didn't care ဘဲ "
ဖူးခက်မ က နေ့အားလှည့်ကြည့်ကာ ရွဲ့ပြောလာသည်မို့
"ချီးး!!!!Wtf ..!!
ငါ့အကြောင်းပြောကြမှာကို မလိုက်ရင် မှားသွားမှာပေါ့ သေနာမရဲ့..!!အိပ်ယာပေါ်မှ အတင်းကုန်းရုံးထကာ မျက်နှာသစ်ရန် ပြေးရသည်။တစ်ဆက်တည်းပင်အိပ်ယာပေါ်မှာချထားသည့်ဖုန်းလေးဟာထမြည်လာလေသည်မို့အမြန်မျက်နှာသစ်ပြီး ဖုန်းကိုပြေးကိုင်ရပြန်သည်။ Contacts nameမှာ တီတီ ဆိုသောနာမ်စားကြောင့် ဘုရား တမိလိုက်၏
နေ တီတီ့၏စာကျက်ဝိုင်းကို မသွားဖြစ်တာလည်းလေးငါးရက်ပင်ရှိလေပြီမို့ တီတီတစ်ယောက်စိတ်ဆိုးနေချေပြီထင်၏"ဟယ်လို တီတီ "
"ဟယ်လိုတွေဘာတွေလုပ်မနေနဲ့ နေနေ ပြောစမ်းပါအုံး တီတီ့ဆီဘာလို့မလာရတာလဲ "!
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!