အရေးပေါ်ခွဲစိတ်ခန်းရှေ့တွင် ထူပူစွာဖြင့် ဟိုလျှောက်ဒီလျှောက်လုပ်နေမိသည်။ ဖရိုဖရဲဖြစ်နေသည့် ကိုယ့်ပုံစံကိုလည်းမမှုနိုင်အားပါ။ နာရီလက်တံတွေဟာ တစ်ဖြည်းဖြည်းနှင့် ညဉ့်နက်သထက်ညဉ့်နက်လာလေသည်။ အကြာကြီးငိုထားသောအရှိန်ကြောင့် မျက်လုံးတွေဟာရဲနေကာ အိပ်ဖို့ရာလည်းမစဉ်းစားမိေပ။
"ယိမ်းရယ်။ငါလည်းသူ့အစ်မပါဘဲဟယ်..။စိတ်ပူတာပေါ့။ ဒါပေမယ့် ငြိမ်ငြိမ်ထိုင်ပြီးဘဲစိတ်ပူစမ်းပါ။နင့်ကိုထိုင်ကြည့်နေရတာငါမျက်စိနောက်နေပြီ။"
နင်တွေငါတွေနဲ့ပါသုံးကာ တကယ်ကြီးယိမ်း၏ပုံစံကိုမျက်စိဆံမွှေးစူးနေပုံရသော ပန်းကြောင့် အောက်နှုတ်ခမ်းလေးအားဖိကိုက်လိုက်ရင်း သူ့အနားသို့သွားထိုင်လိုက်ရတော့သည်။
"ဝင့်လွှာရော ဘယ်လိုနေသေးလဲဟင်။"
"သတိမရလာသေးဘူး။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။စိတ်ဖိစီးမှုများလွန်းလို့ ရုတ်တရက်လျော့ဖြစ်သွားဝာာ။ ဆလိုင်းသွင်းပေးထားတယ်။ အဲ့ဒါကုန်ရင်တော့ သတိရလာမှာပါ ။"
"ဘုန်းထက်လေးကတော့ အနာအရှိန်နဲ့မို့ အိပ်သွားပြီ။"
"ဟင် ဆေးရုံကြီးမှာကို ဘယ်မှာသွားအိပ်နေတာတုန်း။"
"အမလေး အခုမှ မောင်ဖြစ်သူကိုသတိရသေးတယ်နော်။ ငါ့မှာ အားနာနာနဲ့ ကိုသူစည်မျိုးအခန်းထဲပို့လိုက်ရတယ်။ သူကဒီဆေးရုံမှာလုပ်နေတာလေ။"
"ယိမ်းလေး သမီးငယ်လေးရော ဟင်။ခုထိ ခွဲစိတ်ခန်းထဲကထွက်မလာသေးဘူးလား။ ကြီးကြီးမားမားတော့ မထိခိုက်လောက်ပါဘူးနော် ။"
မျက်ရည်အဝိုင်းသားနှင့်မပြေးယုံတစ်မယ်ရောက်လာသော ကလေး၏မိဘတွေအားကြည့်၍ ယိမ်းမှာ ဘယ်လိုပြောရမှန်းမသိပေ။မျက်ရည်အဝိုင်းသားနှင့် အရမ်းစိတ်ပူနေသော ကလေး၏မာမီကြောင့် ထိန်းထာသည့်စိတ်တွေပင်ယိုင်နဲ့လာရသည်။
"ဟင့် ယိမ်းကြောင့်ပါ ကလေးဒီလိုဖြစ်ရတာ ယိမ်းကြောင့် ၊ယိမ်းတောင်းပန်ပါတယ် "
ယိမ်းမျက်ရည်မထိန်းပါနိုင်ဘဲ ထပ်ပြီးငိုမိပြန်သည်။ အားတင်းပြီး စိတ်မပူပါနဲ့ ဟုပြောချင်သော်လည်း ကိုယ်တိုင်ကကို ထူပူနေတာမို့ ထိုသို့ပြောမထွက်နိုင်။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!