ယိမ်း ပန်းဆုတို့နှင့်စကားကောင်းနေခဲ့ပုံမှာ အစည်းအဝေးတောင် လွတ်သွားခဲ့ရ၏ သို့သော် ယိမ်း၏လူတွေဘဲမို့ ပြသာနာတော့ကြီးကြီးမားမားတော့မရှိခဲ့ ပေ။ထို့ကြောင့် သက်သက်ကနေတစ်ဆင့် အစည်းအဝေးကို နောက်နေ့တစ်ရက်သို့ရက်ချိန်းယူခဲ့ရသည်။
အခုကားး Rainကုမ္ပဏီ၏ပါတီဆီသို့ တက်ရောက်ရန် ပြင်ဆင်နေရသည်။ ဒီလိုပွဲမျိုးတွေကို မနှစ်မြို့သော်လည်း မိတ်ဖက်ကုမ္ပဏီဖြစ်နေတာမို့ ငြင်းလို့မကောင်းတာကြောင့်ပါသည်။
အဝတ်ဗီရိုထဲက ယိမ်း၏ရှားရှားပါးပါးကုတ်အကျီအနက်ရောင်ကိုဝတ်ဆင်ဖို့ရွေးချယ်လိုက်သည်။ ယိမ်းကဒီလိုပွဲမျိုးတွေဆိုလျှင် မြန်မာဝမ်းဆက်နှင့်ပွဲတက်တာများပေမယ့်လို့ ယနေ့မှာတော့ အရမ်းကြီးနူးညံ့မနေချင်။ ပါးလွှာသောနှုတ်ခမ်းတစ်စုံဟာ ခါတိုင်းလိုဖျော့တော့မနေပါဘဲ ရဲရဲနီနေအောင်ဆိုးထားေလသည်။ ထို့နောက်သူမ၏ဆံပင်တွေကို မထုံးပါဘဲ တစ်စုတစ်စည်းတည်း စည်းနှောင်ကာရိုးရိုးလေးချထားသည်။ အရင်ပုံစံဟာ နူးညံ့သည့်မိန်းမသားဖြစ်သည်ဆိုလျှင် အခုပုံစံလေးမှာတော့ ထက်မြက်သည့်မိန်းမသားတစ်ယောက်ပုံကိုပေါ်လွင်စေသည်။
"ဒေါက်ဒေါက် !!
"သက်သက်လား ဝင်လာခဲ့ကွယ်"
အခန်းပေါက်ဝမှ တံခါးခေါက်သံကြောင့် နောက်သို့လှည့်မကြည့်အားဘဲ ယိမ်းပြောလိုက်ခြင်းဖြစ်သည်။ ပါတီပွဲသို့တက်ရောက်ရန် အတွက်ယိမ်း၏အတွင်းရေးမှုးဖြစ်တဲ့ သက်သက်က ကားနှင့်လာကြိုသည်။
"မမ အဆင်သင့်ဖြစ်ရင်သွားရအောင်လေ "
"အင်း သွားစို့ေလ"
"မမ "
"ဟင်"
"စတိုင်တွေပြောင်းထားပါလား"?
"အဟင်း ဘာလဲ မလှလို့လား"
"ဟင့်အင်း မဟုတ်ဘူး အရမ်းကို ...'
လှတာထက်
ပိုမိုက်နေတာ မမ သိလား မမအခုပုံစံကလေ Tachi ပုံစံကြီး ဟီးဟီး အားကိုးချင်စရာကြီး "!!မျက်တောင် မခတ်တမ်းကြည့်ကာ သက်သက် ပြောနေသည့်စကားကြောင့် သဘောကျစွာခပ်ဖွဖွရယ်မိသည်။ ရံဖန်ရံခါကျေတာ့လည်းသူထင်ရာတွေပြောတတ်သည့် သက်သက်ကြောင့်စိတ်ရှုပ်မိပေမယ့်လို့တစ်ခါတစ်လေကျတော့ပြန်တော့လည်း အပျင်းပြေရ၏
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poésie"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!