"အဲ့ကပြန်လာပြီးကတည်းက အဖျားတွေတက်ပြီး သုံးရက်လောက်ကအိပ်ယာပေါ်မှာဘဲလေ။ မှတ်မှတ်ရရ သူပြန်သတိရလာတော့ လုံးဝကိုအဆင်ပြေနေတဲ့ပုံနဲ့ ဟို ဘယ်လိုပြောရမလဲ လုံးဝခံစားချက်မရှိတော့တဲ့မျက်နှာမျိုးလေ ။ ဖြစ်ချင်တော့ အဲ့အချိန်ငါတို့ကလည်း စာမေးပွဲနဲ့အလုပ်ရှုပ်နေတာတော့ သူ့ဘက်ကိုလှည့်မကြည့်အားခဲ့ဘူး ။ပြီးတော့လည်း အဆောင်ပြောင်းနေခဲ့ရတာနဲ့ဆိုတော့ တို့လည်းအဲ့လောက်ဘဲ သိတယ်။"
ပန်းတစ်ယောက်ဟာဖြင့်စကားအရှည်ကြီးကိုတစ်ရတ်ဆက်ပြောချသွားပြီး မောသွားသည်ထင်၏ ရှေ့မှာချထားသည့်အအေးပုလင်းအား အားရပါးရမော့သောက်လေသည်။ ယိမ်း ရင်ထဲတွင်အောင့်သက်သက်ဖြစ်ကာ အဲ့ဒီနေ့က အဖြစ်အပျက်တွေကိုပြန်မြင်ယောင်မိပြန်သည်။
-------------
နောက်ကြောင်းပြန်ခြင်း။အောက်တွင်ဒူးတုပ်ထိုင်ချကာတစ်အိအိငိုနေသော ကလေးပေါက်စကြောင့် ယိမ်းခမျာစိတ်မကောင်းဖြစ်မိသော်လည်း အခုလိုမျိုးကြီးထိလည်းဆိုးသွမ်းမနေစေချင်ပါ။ ကလေးဘဲမို့ ကလေးဆန်တာမဆန်းပါဘူးလေ ဟုဖြည့်တွေးမိသော်လည်း ကိုယ့်ထက်ကြီးတဲ့လူကြီးတစ်ယောက်အပေါ်မှာတော့ မရိုင်းစိုင်းသင့်ဘူးထင်မိသည်။ပြီး တစ်ဖက်ကအမြင်မှာလည်းဒီကလေးငယ်ငယ်လေးနဲ့ရိုင်းလိုက်တာ ဟုကဲ့ရဲ့ရှုံ့ချေပြာဆိုမှုမျိုးကိုလည်းမခံနိုင်ပါ။ ကိုယ့်မျက်စိရှေ့အောက်တွင်ကြီးပျင်းလာသည့် ကလေးကို လိမ္မာစေချင်သည်။ ခုလို တစ်ဇွတ်ထိုး ဂျစ်ကန်ကန်ပုံစံလေးမဖြစ်စေချင်ပါ။ခက်သည်ကလည်း ဒီကလေးဟာယိမ်းနှင့်ပတ်သက်လာလျှင်လုံးဝကိုအထိမခံရွှေပန်းကန်ဖြစ်လွန်းသည်။ ယိမ်းကို ခင်တွယ်တာသဘောကျပေမယ့်လို့ တစ်ခါတစ်လေတော့လည်း စိတ်ရှုပ်မိသည်။ ဒီကလေးကိုကိုယ့်ကြောင့် လူဆိုးဖြစ်မှာကို တကယ်မလိုလားပေ။
အများသူငှာသွားလာနေသည့် နေရာတွင် အသည်းအသန်ရှိုက်ငိုနေသည့်ကလေးမကြောင့် ကိုမင်းမော်ကိုတောင် ကောင်းကောင်းမနှုတ်ဆက်နိုင်ဘဲ ပြန်လာခဲ့ရသည်။တစ်လမ်းလုံး အငိုမတိတ်ဘဲ ပါလာသူနှင့် တစ်ချက်ကလေးမှပြန်မချော့သည့် ယိမ်း။ခါတိုင်းအခြေအနေမျိုးဆိုလျှင် ချော့မိမှာအမှန်ပေမယ့် ဒီတစ်ခါကိစ္စကိုတော့ ဒီကလေးဘက်ကအလိုက်တစ်သိပြန်တောင်းပန်မှကျေအေးပေးနိုင်မည်။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!