" ဖရဲခင်းဘက်ထိတော့ မမ လိုက်မကြည့်တော့ဘူးနော် ။ မမ အစားသက်သက်ကပဲ လိုက်သွားပြီး စာရင်းနဲ့မှတ်လာခဲ့လိုက်တော့ ...။အဖော်ရအောင် အနှောင်းကို ထည့်ပေးလိုက်မယ် ။"
"ဟုတ်ကဲ့ မမ ။"
"ကဲ အဲ့ဒါဆို သွားလို့ရပြီနော် ။"
သူ မမ အနားမှာ ဆက်နေချင်သေးသော်လည်း ထွက်လာခဲ့ရသည် ။ မတွေ့ရသည့် တစ်နှစ်ကျော်ကြာမှာ မမ ဟာပို၍ပင် အလှတိုးလာလေ၏ ဆံပင်တွေ ပိုရှည်လာသည့်အပြင် အရင်က သွယ်လျလျ ခန္ဓာကိုယ်လေးသည် အနည်းငယ်ပြည့်ဖြိုးလာသယောင် ...။
နေနေသည် မမအား အလွန်ချစ်မြတ်နိုးသည် ။ ဒါကို မမလည်း သိသလို ကုမ္ပဏီရှိ ဝန်ထမ်းအားလုံးလည်း သိကြသည် ။ သူတို့နှစ်ယောက်အိမ်ထောင်ကျပြီး နှစ်နှစ်ကျော်အကြာတွင် ကုမ္ပဏီ အား မမကိုယ်စား နေနေက လာ၍ဦးစီးလေသည် ။အကြောင်းပြချက်ကတော့ သူ့အမျိုးသမီးလေးအား မပင်ပန်းစေချင်တော့ လို့ သည်တစ်ခွန်းတည်းသာဆိုသည်။ အစပိုင်းမှာတော့ နေနေ့ အား အထင်မကြီးမိခဲ့ပေမယ့် နေနေ ဟာတကယ်တော်သည် ။မမ နဲ့ တွဲလုပ်ရတုန်းကလောက် အဆင်မပြေပေမယ့်လို့ပေါ့ ။ မမက စိတ်ရှည်သလာက် နေနေက တော့ လုံးဝကိုစိတ်မရှည်တတ် ၊ ထစ်ကနဲရှိ ဒေါသအရင်ထွက်တတ်၏ ထို့ကြောင့် သူအရမ်းသည်းခံခဲ့ရသည် ။ နောက်ပိုင်း ရောက်မှသာ မမ ၏သင်ကြားမှုတွေဖြင့် တစ်ဖြည်းဖြည်းချင်းရင့်ကျက်လာသည်မို့ အတော်လေး အဆင်ပြေလာသည် ။ အလုပ်တွဲလုပ်ရတာ ပို၍ အဆင်ပြေပြေရှိလာပြီး လူမှုရေးပိုင်းမှာလည်း ပို၍ရင်နှီးစပြုလာခဲ့၏ အခုဆိုရင်တော့ ပြောမနာဆိုမနာ ညီအစ်မတွေလို ပေါ့။
အရိုးသားဆုံး ဝန်ခံရလျှင် သက်သက်သည်လည်း မမအားချစ်သည်။ သို့သော် ဘယ်လိုဘယ်ပုံနည်းနှင့် ချစ်မိခဲ့သလဲ ဆိုတာတော့ ကိုယ်ကိုယ်တိုင်ပင် အဖြေမရှာမိခဲ့ ...။အကယ်၍ ဆန္ဒတွေ သာလွန်သွားခဲ့လျှင် အရင်ဆုံးခံစားရမည်က ကိုယ်ကိုယ်တိုင်သာဖြစ်မည်မဟုတ်လား ။ သူဠေးသမီး ဖြစ်ပါလျက်နှင့် သူတစ်ပါးလက်အောက်မှာ အချိန်အတော်ကြာတဲ့အထိ အလုပ်ဆက်လုပ်နေသော သူ့အား မိဘတွေကလည်း သိပ်မကြည်သလို သူငယ်ချင်းအပေါင်းအသင်းတွေကလည်း မရိုးဘူး ဟုထင်ကြေးပေးကြသည် ။သို့သော် သူဂရုမစိုက်မိခဲ့ ..။ သူ မမအား ချစ်သည်ဆိုတာ အစ်မတစ်ယောက် အပေါ်ထားသည့် ချစ်ခြင်းထက်မပိုဘူးဟု ထင်မိသည်။ အကယ်၍ ပိုမိခဲ့လျှင်လည်း ဆန္ဒကိုသိက္ခာတရားနှင့်ထိန်းချုပ်မည် ။ အဝေးကနေ ငေးကြည့်မည် ။ ဒီလောက်ပါပဲ ၊ သူ့အချစ်က ရိုးရှင်း၏
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!