"ကလေး ။ ရေတပတ်တိုက်ပေးမယ်နော်။"ရေထဲသို့နစ်ထားသည့်ပုဝါလေးအားညစ်လိုက်ရင်း ကုတင်ပေါ်တွင်မှိန်းနေသည့် ကလေးအားပြောလိုက်သည်။
"ဟို မတိုက်လို့မရဘူးလားဟင် ။"
မျက်နှာငယ်လေးနှင့်ပြန်ဖြေလာသည့်ကလေးကြောင့်
"ဘာလို့လဲ ကလေးရဲ့။ ရေမချိုးရဘူးဆိုတော့ ချွေးတွေနဲ့နုံးနေမှာစိုးလို့ပါ။ ကလေးကလိမ္မာပါတယ်ကွယ် ၊တိုက်လိုက်နော် ။ "
"ဟုတ် ။"
ချစ်ရသူကဂရုနာသံလေးနှင့်ချော့မော့ပြောနေသည်ကြောင့် နေ မှာမငြင်းသာတော့ပေ ။
ယိမ်း၏လက်လေးသည်နေ့၏အကျီကြယ်သီးပေါ်သို့လက်လှမ်းလိုက်စဉ်မှာပင် နေ့ ကိုယ်လေးတွန့်သွားရသည်။
ဟူး ရေတပတ်တိုက်ပေးတာလေးဘဲကို ဘာလို့စိတ်တွေအရမ်းလှုပ်ရှားနေရတာလဲကွာ ။စိတ်ထိန်းစမ်း စိတ်ကိုထိန်းစမ်း ။
အိမ့်ဆုနေသော် မျက်လုံးကိုစုံမှိတ်ကာ ကိုယ့်စိတ်ကိုငြိမ်အောင်လုပ်နေမိသည်။ အမှန်တကယ်တော့ အခုချက်ချင်းကို အကျီတွေဆွဲချွတ်ပြီး ရေကူးကန်ထဲသို့ဒိုင်ဗင်ပစ်ချလိုက်ချင်ပါသည်။ ချွေးတွေနစ်ကာ ရေမချိုးရတာကြောင့် ခန္ဓာကိုယ်ကလည်းချွေးနံ့တွေရနေမှာအမှန်ပင်ဖြစ်သည်။သို့သော် အစ်မကိုယ်တိုင်ရေတစ်ပတ်တိုက်ပေးမည် ဆိုတာကြောင့် ရှက်စိတ်တစ်ခုတည်းဖြင့်ငြင်းမိလိုက်ခြင်းသာဖြစ်သည်။
"ဟင် ကလေး။ဘာလို့ မျက်လုံးတွေမှိတ်ထားတာလဲကွယ်။ ဘာများဖြစ်လို့လဲ ။"
"ဟို ~မမလာမှဘဲ တိုက်ခိုင်းလိုက်တော့မယ်လေနော်။ ဟို နေ ~နေ ရှက်လို့ ။"
ယိမ်းကိုပင်မကြည့်ဘဲ တိုးလျလျဆိုလာသည့် စကားကြောင့် စိတ်လိုလက်ရရယ်မိလိုက်သည်။ ဒင်းလေးက ယိမ်းကိုရှက်သည်တဲ့လေ ။
"တို့ကိုကျ ရှက်ပြီး ပန်းဆုနေသော်ကိုကျမရှက်ဘူးပေါ့လေ။ဒီကစေတနာနဲ့ကို
ဟွန်း စိတ်ဆိုးတယ်နော်။"မျက်စောင်းလေးချီ၍ညူစူစူပြောလာသည့် အစ်မကြောင့်အိမ့်ဆုနေသော်တစ်ယောက်ဟာပျာပျာသလဲလဲဖြစ်သွားကာ
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!