Chapter-47

8.1K 398 40
                                    

/Uni/

"ယွမ်မု၊ မင်းရောက်လာပြီလား။" 

ကျိုးနန်က ဦးဆောင်ပြီး‌တော့ သူ့နံဘေးက စုန့်ရွှမ်ဟယ်ကိုလက်ညှိုးထိုးပြပြီး စပ်ဖြဲဖြဲနဲ့ပြောလိုက်တယ်။

" ဘယ်လိုလုပ်ပြီးတော့များ စုန့်ရှောင်အာလေးကို မင်းမပါဘဲနဲ့ မနက်စာတစ်ယောက်တည်းစားခိုင်းရက်ရတာလဲကွာ..?မင်းမရှိတော့ သူ့ခမျာ ပေါင်မုန့်လေးနည်းနည်းပဲစားရသေးတယ်..အဲဒါကအစားအသောက်တွေကိုဖြုန်းတီးနေသလိုပဲ.."

စုန့်ရွှမ်ဟယ်က ကျိုးနန်ရဲ့လှောင်ပြောင်မှု‌ကြောင့် လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာတယ်။ သူ့နှုတ်ခမ်းထောင့်စွန်းကကော့တက်လာပြီး အဝေးကိုအကြည့်လွှဲကာ ပြောလိုက်တယ်...

" ဒီကိုလာထိုင်။"

ရှောင်ယွမ်မုအကြည့်တို့က ဘေးတဖက်တချက်မှာထိုင်နေတဲ့ Hayden နှင့်သူ့ဘေးမှာရှိနေတဲ့ကျန်းတယ်ရိအပေါ် ရွေ့လျားသွားတယ်။ ကျန်းတယ်ရိရဲ့ မျက်နှာပေါ်က အရူးအမူးစွဲလမ်းနေဟန် အကြည့်တို့ကို မြင်တဲ့အခါ သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်းမှောင်မည်းသွားပြီး ရွံရှာစက်ဆုပ်မှုတို့ဖြတ်ပြေးသွားတယ်။သူထိုင်ချလိုက်ပြီးတော့ အေးစက်စက်လေသံနဲ့ မေးလိုက်တယ်။

 “ဒီနှစ်ယောက်က ဘယ်သူတွေလဲ?”

"Schroder မိသားစုက Hayden schroder " 

စုန့်ရွှမ်ဟယ်က ပျင်းရိပျင်းတွဲလေသံနဲ့ မိတ်ဆက်ပေးလိုက်တယ်။

" ဒီဘက်က သူ့မိတ်ဆွေ Mr. ကျန်းတယ်ရိ..သူတို့ကငါ့စားပွဲကိုလာပြီး မနေ့က ငါဝယ်ထားတဲ့ ကြယ်သီးတွေကို ဝယ်ချင်နေတာလေ.."

ရှောင်ယွမ်မုရဲ့ မျက်လုံးတွေက ပိုပိုပြီး မှောင်မိုက်လာတယ်။ သူအဲ့ဒီHayden Schroeder ဆိုတဲ့ အရပ်ရှည်ရှည်

နဲ့လူကို တစ်ချက်ကြည့်လိုက်တယ်။ Schroeder မိသားစုကို သူသိပေမဲ့ Hayden ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ သို့ပေမဲ့ Schroeder မိသားစုက သူ့ပိုင်ဆိုင်မှုကို လုရဲလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

Hayden က ရှောင်ယွမ်မုရဲ့ အကြည့်အောက်မှာ စိတ်ရှုပ်ထွေးလာခဲ့တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ရှောင်ယွမ်မုကို မြင်ဖူးတယ်လို့ သူတွေးနေခဲ့တယ်။ ဒါပေမဲ့ အာရှသား‌တွေရဲ့ ရုပ်ရည်က ကွာခြားချက်များစွာမရှိဘူး။ သူ ခဏတာ ဦးနှောက်တွေ ရှုပ်ထွေးသွားပေမဲ့ သူ အဲ့ဒီလူကို ဘယ်နေရာမှာတွေ့ခဲ့ဖူးမှန်း လုံးဝမမှတ်မိဘူး။

RMLE / Book-2 (mm translation)Where stories live. Discover now