Chapter-59(part.2)

1K 210 8
                                    

/Uni/

ရှောင်ယွမ်မုက မတ်တပ်ရပ်ပြီး စုန့်ရွှမ်ဟယ်နဲ့ ကွမ်ကျီးရဲ့စားပွဲဆီ လိုက်သွားလိုက်တယ်။

အဝေးကနေ အဲ့ဒီမှာ လူတွေအများကြီးရှိနေသလို ထင်ရတယ်။သို့ပေမဲ့ သူတို့ပိုနီးလာတော့ သူတို့ ထင်ထားသလောက် အများကြီးရှိမနေတာကို တွေ့လိုက်ရတယ်။အဆုံးမှာတော့ ဒီနေရာမှာရှိနေတဲ့လူတိုင်းဟာ သူတို့ရဲ့ဂုဏ်သတင်းကို တန်ဖိုးထားကြတယ်။သူတို့တွေ ဒီနေရာမှာထိုင်နေတဲ့လူတွေနဲ့ မျက်နှာလိုမျက်နှာရ လုပ်ချင်တယ်ဆိုရင်တောင်မှ စူပါမားကတ်မှာ ဟင်းသီးဟင်းရွက်တွေ လျှော့ဈေးအပေါ် တိုက်ခိုက်နေတဲ့ အန်တီကြီးတွေလိုမျိုးတော့ သူတို့တွေ ပြုမူမှာမဟုတ်ဘူး။ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့ အဲ့လို ဖြစ်ပျက်သွားခဲ့ရင် သူတို့တွေက စားပွဲကလူတွေကို မျက်နှာလိုမျက်နှာရလုပ်ခြင်းကို ရည်ရွယ်ထားတာလား ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းလားဆိုတာကို ပြောဖို့ခက်လိမ့်မယ်။

ဒါကြောင့် စုန့်ရွှမ်ဟယ်နဲ့ရှောင်ယွမ်မုက ကွမ်ကျီးရဲ့ထိုင်ခုံ မျက်နှာချင်းဆိုင်နေရာဆီကို အလွန်လွယ်ကူစွာနဲ့ လျှောက်သွားနိုင်ခဲ့တယ်။ကွမ်ကျီးရဲ့ပတ်လည်မှာ ရစ်သီရစ်သီလုပ်နေတဲ့လူ ငါးယောက် ဒါမှမဟုတ် ခြောက်ယောက်ရှိနေတာကြောင့် ၎င်းက မျက်နှာချင်းဆိုင်ခုံ ဖြစ်တယ်။သူတို့ အဲ့ဒီနေရာကို ကျော်လွှားချင်တယ်ဆိုရင် ဒီအခြားလူ‌တွေနဲ့ သူတို့ ပခုံးချင်း ပွတ်တိုက်ရလိမ့်မယ်။

ကွမ်ကျီးက စုန့်ရွှမ်ဟယ်နဲ့ရှောင်ယွမ်မုကို မြင်တော့ သူ့မျက်လုံးတွေက ဝင်းလက်သွားတယ်။သူ့ရဲ့ ဆန္ဒစောနေတဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတယ်။"ငါ့သူငယ်ချင်းတွေ လာပြီ။ငါတို့တွေ ဆွေးနွေးစရာအချို့ရှိတာကြောင့် ငါနှုတ်ဆက်ပါတယ်"

ကွမ်ကျီးကို စကားပြောနေခဲ့တဲ့ ငယ်ရွယ်တဲ့အမျိုးသားက မျက်မှောင်ကြုတ်လိုက်တယ်။သူက သူတို့မျက်နှာချင်းဆိုင်က စုန့်ရွှမ်ဟယ်နဲ့ရှောင်ယွမ်မုတို့ကို မော့ကြည့်လိုက်တယ်။တစ်ဦးဦးအ‌ပေါ်မှာ သူ့အကြည့်‌တွေက အချိန်အတိုင်းအတာနဲ့ ခြားနားချက်အနည်းငယ် ရှိနေတယ်။သူ အဝေးကို မကြည့်လိုက်ခင် သူတို့ကို စိတ်မဝင်စားစွာနဲ့ ဖျတ်ခနဲကြည့်လိုက်ရုံသာ။အဲ့ဒါက သူ ရှောင်ယွမ်မုကို မမှတ်မိဘူးဆိုတာ သိသာနေတယ်။

RMLE / Book-2 (mm translation)Where stories live. Discover now