Chapter -57(part 2)

1.1K 248 19
                                    

/Uni/

စုန့်မိသားစုရဲ့ မျိုးဆက်သုံးဆက်စလုံးရဲ့ မျက်နှာအမူအရာတွေက ဆိုးဝါးနေတာကြောင့် — ပုံမှန်အားဖြင့် အလေးအနက်မထားတဲ့ ဒုတိယသခင်လေးစုန့်တောင်မှ အတွေးနက်နဲနေပုံပေါ်တယ် — ဒီတစ်ကြိမ်ရဲ့ သုံးလတစ်ကြိမ်အစည်းအဝေးက ပုံမှန်ထက်ပိုပြီးတော့ အလေးအနက်ဖြစ်နေတာ သေချာသလောက်ဘဲ။တည်ကြည်လေးနက်တဲ့မျက်နှာထားနဲ့ စုန့်ကောင်းချောင် စကားပြောနေတာရယ် စာရွက်လှန်နေတဲ့အသံတွေရယ်ကလွဲပြီး အစည်းအဝေးခန်းထဲမှာ အခြားဘာအသံမှ ရှိမနေဘူး။ဒီဟာက သူတို့ရဲ့အစည်းအဝေးတွေကို ပုံမှန်အတိုင်း ဘယ်လိုသွားလဲဆိုတာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဘဲဖြစ်တယ်။အများအားဖြင့် တစ်ယောက်ယောက်က ရံဖန်ရံခါ အေးဆေးပြီး တီးတိုးသံတွေနဲ့ဆွေးနွေးနေတာကို ကြားနိုင်လိမ့်မယ် ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူတို့ရဲ့ထင်မြင်ချက်ကို မျှဝေလိမ့်မယ်။

လောလောဆယ် တစ်ယောက်စာစင်မြင့်မှာ မတ်တပ်ရပ်နေတဲ့ စုန့်ကောင်းချောင်က သူ့ရဲ့ကဏ္ဍပြီးဆုံးသွားရုံဘဲ ရှိသေးတယ်။ ပြီးနောက် သူ ဘဏ္ဍာရေးဌာနရဲ့ လက်ထောက်မန်နေဂျာကို ဒီသုံးလပတ်အတွက် စုန့်အုပ်စုရဲ့‌ဘဏ္ဍာရေးအခြေအနေအကြောင်းကို ပြောခိုင်းခဲ့တယ်။သုံးလတစ်ကြိမ်အစီရင်ခံစာကို သူတို့တွေ မြင်လိုက်ရတော့ အစုရှယ်ယာရှင်တွေနဲ့ အမှုဆောင်တွေအားလုံးရဲ့ မျက်နှာအမူအရာတွေက အရုပ်ဆိုးကုန်ကြတယ်။

ဘဏ္ဍာရေးဌာနရဲ့လက်ထောက်မန်နေဂျာဟာ ဒီစိတ်‌လေးဖွယ်ရာလေထုအောက်မှာ တုန်ယင်နေပြီး ဒီသုံးလပတ်ရဲ့‌ဘဏ္ဍာရေးအကြောင်းကို ပြောနေခဲ့တယ်။သူ ပြီးဆုံးသွားတော့  တစ်ယောက်စာစင်မြင့်ကနေ သူ လျင်မြန်စွာနဲ့ ထွက်ခွာလိုက်တယ်။ဒီအခိုက်အတန့်မှာ အစည်းဝေးခန်းဟာ လုံးဝကို တိတ်ဆိတ်နေတယ်။စုန့်ယန်စုန့်ရဲ့မျက်နှာအမူအရာက အဲ့ဒီအပေါ်ကနေ ရေခဲတွေ တစ်စတစ်စတိုးလာနေသလို ထင်ရပြီး အလွန်ကို အေးစက်နေတယ်။

ရုတ်တရက် သူပြောလာတယ်။"စုန့်ရွှမ်ဟယ် မင်းက မားကတ်တင်းဌာနရဲ့ ဒါရိုက်တာဘဲ။ကုမ္ပဏီရဲ့ စွမ်းဆောင်မှုတွေက ဘာလို့ ကျဆင်းလာတာလဲ ငါ့ကိုပြောပြ"

RMLE / Book-2 (mm translation)Where stories live. Discover now