Chapter - 61(part.1)

945 196 8
                                    

/Uni/

စုန့်ရွှမ်ဟယ်က ရှောင်ယွမ်မုရဲ့ ဆိုးရွားတဲ့စိတ်အခြေအနေကို ချက်ချင်း သတိပြုမိတယ်။တစ်ဖက်လူက အဲ့ဒါကို ဖုံးကွယ်ဖို့ ဘယ်လိုမျှကြိုးစားမနေဘူး။

"ဘာမှားနေလို့လဲ?"စုန့်ရွှမ်ဟယ်က ရှောင်ယွမ်မုရဲ့ မှောင်မိုက်ပြီး အေးစက်စက်နိုင်တဲ့ သူငယ်အိမ်တွေကို ဂရုစိုက်စွာနဲ့ စစ်ဆေးလိုက်တယ်။တစ်ဖက်လူရဲ့အသားအရောင်က အသေကောင်လို ဖြူရော်နေတယ်။တစ်ခုခုတော့ မှားနေတယ်။စုန့်ရွှမ်ဟယ်ရဲ့အပြုံးက ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာအမူအရာနဲ့ အစားထိုးသွားတယ်။"ငါ သွားတုန်းက တစ်ခုခု ဖြစ်သွားတာလား?"

ရှောင်ယွမ်မုက သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းတွေကို အနည်းငယ် စုဝိုင်းလိုက်တယ်။စုန့်ရွှမ်ဟယ်က အမှန်တကယ် သူ့အတွက် စိတ်ပူနေတာကို သူ မြင်လိုက်ရတော့ သူ တစ်ဖက်လူရဲ့ နွေးထွေးတဲ့လက်ကို လှမ်းဆွဲလိုက်တယ်။ရုတ်တရက် သူ့ရဲ့စိတ်အခြေအနေက တိုးတက်ကောင်းမွန်လာတယ်။ပြီးနောက် သူ သူ့ခေါင်းကို ခါလိုက်တယ်။"မဟုတ်ဘူး"

ရှောင်ရှန်လင်းနဲ့ကျိုးနန်က နောက်ဘက် အနည်းငယ်ဝေးဝေးမှာ နေခဲ့တယ်။သူတို့တွေ မတိုင်ခင်က ဖြစ်ခဲ့တဲ့အရာကနေ ရှောင်ယွမ်မုရဲ့ စိတ်အခြေအနေ ကွဲပြားနေတာကို မပြောနိုင်ခဲ့ဘူး။‌ဒါက သူတို့ရဲ့မျက်လုံးတွေထဲမှာ ရှောင်ယွမ်မုရဲ့မျက်နှာအမူအရာက အတူတူဖြစ်နေတာကြောင့် ဖြစ်တယ်။ဒါပေမဲ့ စုန့်ရွှမ်ဟယ် အဲ့ဒီလိုမေးလိုက်တာကို သူတို့ကြားလိုက်ရတော့ ကျိုးနန်က တစ်ခစ်ခစ်ရယ်ပြီး ပြောလိုက်တယ် "မင်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာမလား?မင်းက အနည်းငယ်လောက် တခြားစီဖြစ်ပြီးနောက် ကျေရာကျေကြောင်း ပြုလုပ်လိုက်တာလား?"

ရှောင်ယွမ်မု ဆုပ်ကိုင်ထားတဲ့ စုန့်ရွှမ်ဟယ်ရဲ့လက်က တောင့်တင်းသွားတယ်။တကယ့်ကို သူ အဲ့ဒါနဲ့ပတ်သက်တာအားလုံးကို မေ့လျော့သွားခဲ့ပြီ။အဲ့ဒါက သူ ခုလေးတင် ရှောင်ယွမ်မုကို "ဘာမှားနေလို့လဲ?"လို့ ဘာကြောင့် မေးခဲ့တာလဲဆိုတာဘဲ ဖြစ်တယ်။အခုကျိုးနန်က သူ့ကို သတိပေးလာပြီမို့ ရှောင်ယွမ်မုက ဒီမနက်တုန်းက သူ့ရဲ့‌လှောင်ပြောင်သရော်မှုကို သဘောမကျဖြစ်နေဆဲကလွဲပြီး သူမရှိတုန်းမှာ ဖြစ်ပျက်ခဲ့တဲ့ တစ်ခုခုအပေါ် စိတ်မကောင်းဖြစ်နေတာ မဟုတ်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တာကို သူ အချိန်နှောင်းစွာနဲ့ နားလည်သဘောပေါက်သွားတယ်။

RMLE / Book-2 (mm translation)Where stories live. Discover now