Chapter -56(part.1)

1.1K 249 11
                                    

/Uni/

လျို့ရွှီက လသာဆောင်မှာ မတ်တပ်ရပ်နေခဲ့ပြီး ဆောင်းရာသီရဲ့အအေးဓါတ်ကို ကြိုဆိုပြီး ပွင့်လန်းနေကြတဲ့ ရှားပါးတဲ့ပန်းတွေကို မျက်စိနဲ့တစ်ချက်ဝေ့ကြည့်လိုက်တယ်။သူမက ကြောက်လန့်တကြားဖြစ်နေပုံပေါ်တယ်။

ဒီဆောင်းရာသီရဲ့ညမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေသော်လည်းဘဲ သူမက ချောမွတ်တောက်ပြောင်တဲ့ ပြစ်သစ်ရှန်ပိန်ရောင် ညနေခင်းပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားခဲ့တယ်။သူမရဲ့ အလိပ်လိပ်‌ ခွေယိုင်နေတဲ့ဆံနွယ်တွေက ဖရိုဖရဲလွင့်‌နေသလို အဲ့ဒီနေရာမှာ ရပ်နေတဲ့သူမကို ကြည့်ရတာ လှပနေတယ်။ဆံခွေအနည်းငယ်ဟာ သူမရဲ့ပါးလျပြီး ချောမွေ့တဲ့ ပခုံးမှာခံပြီး ကျဆင်းနေချိန်မှာ ကျန်တဲ့ဆံနွယ်တွေက အေးမြလန်းဆန်းတဲ့ လေနဲ့အတူ တဖျပ်ဖျပ်လှုပ်ခါနေတယ်။

ရုတ်တရက် သူမဟာ ခြေလှမ်းတွေ နီးကပ်လာတဲ့အသံကို ကြားလိုက်ရတယ်။

လက်ရန်းကို မှီပြီး ရပ်နေရင်း လျို့ရွှီရဲ့မျက်တောင်တွေက တုန်ယင်သွားတယ်။သူမရဲ့လက်တွေကို အတူတကွ မဖျစ်ညှစ်ခင် လက်ရန်းထိပ်ကနေ အချင်းချင်းဆီ နှေးကွေးစွာနဲ့ ရွှေ့လိုက်တယ်။ခြေလှမ်းတွေက အနားမှာလို့ ထင်လိုက်တဲ့အချိန် သူမက သူမရဲ့တင်းကျပ်စွာ ရစ်ပတ်ထားတဲ့လက်တွေကို တခြားစီခွာလိုက်ပြီး သူမရဲ့ခေါင်းကို လှည့်လိုက်တယ်။

ပူပူနွေးနွေး ရောက်လာသူ သူ့ရဲ့ကျောဘက်က မီးရောင်နဲ့ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။သူ့ရဲ့ မြင့်မားပြီး ကျစ်လစ်တဲ့ ပုံပန်းဟာ ထိုအရာကြောင့် သူ့သဘောကိုသိရဖို့ အနည်းငယ်ခက်ခဲစေတယ်။သူမရဲ့ မျက်လုံးတွေထဲမှာ ဝမ်းသာတဲ့အံ့အားသင့်မှုတွေ ပေါ်ထွက်လာခဲ့ပြီး သူမရဲ့လေသံဟာ ချိုသာပြီး နူးညံ့နေတယ်။"စုန့်ရှောင်ရယ်"

စုန့်ရွှမ်ဟယ်က ထိုနေရာမှာဘဲ ရပ်နေခဲ့တယ်။သူ့ရဲ့မျက်လုံးတွေက လျို့ရွှီရဲ့ခန္ဓာကိုယ်ပေါ်ကို ဝေ့ဝိုက်သွားတယ်။သူမဟာ အအေးဓါတ်အတွက် ဝတ်ဆင်ထားတာမဟုတ်မှန်း သူသတိပြုမိတဲ့အချိန်မှာတောင်မှ သူ့ရဲ့မျက်နှာပေါ်မှာ ဘာမျက်နှာအမူအရာမှ ရှိမနေခဲ့ဘူး။သူ ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်တယ်။"မင်းငါ့ကို ရှာနေတယ်လို့ ဟွမ်ဆုမ်ပြောတယ်"

RMLE / Book-2 (mm translation)Where stories live. Discover now