Chapter -58(part.2)

1.1K 224 15
                                    

/Uni/

ရှောင်ယွမ်မုက စုန့်ရွှမ်ဟယ်ဟာ သူ့ရဲ့ရှာဖွေခြင်းကို လက်လွတ်လိုက်တာကို သတိပြုမိသွားတော့ လေးတွဲ့တဲ့လေသံနဲ့ သူမေးလိုက်တယ်..."မင်း ဘယ်သူ့ကို ရှာနေတာလဲ?"

"စုန့်ကောင်းချောင်...ah"စုန့်ရွှမ်ဟယ်က မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လိမ်လိုက်တယ်။"သူ့ကိုတွေ့မှာကို ငါစိုးရိမ်ပူပန်နေတာ။ပုန်းကွယ်လို့ကောင်းတဲ့ နေရာတစ်နေရာကို ရှာတာကောင်းမယ်။ဒါ့အပြင် ငါမင်းကို ခေါ်လာတာကို သူမြင်သွားရင် မင်းမျက်နှာကို လက်ညှိုးထိုးပြီး မင်းကို သူကျိန်ဆဲမှာ သေချာသလောက်ဘဲ"

စုန့်ရွှမ်ဟယ်က ဒီအနာဂတ်big-shotကြီးရဲ့ရှေ့မှာ စုန့်ကောင်းချောင်ရဲ့ဂုဏ်သတင်းကို ညှိုးနွမ်းစေသော်လည်း လိပ်ပြာမလုံခြင်းကို နည်းနည်းမျှ မခံစားရဘူး။

စုန့်ကောင်းချောင်နဲ့သူ့ဇနီးက ဒီ‌ခန်းမထဲမှာ တကယ်ကိုမရှိတာကြောင့် ဒါကို ကြားရခြင်းအပေါ် ရှောင်ယွမ်မုရဲ့ မသင်္ကာမှုတွေက တဖြည်းဖြည်းနဲ့ လျော့ပါးသွားခဲ့တယ်။သူ သူတို့ကို ရှာမယ်ဆိုရင် စုန့်ရွှမ်ဟယ်က ရှာဖွေခြင်းကို အချိန်အနည်းငယ်ပိုသုံးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်တယ်။

"စုန့်ကောင်းချောင် လာတဲ့အခါ ငါ့ကို သူတို့နဲ့အတူ လူအိုကြီးMr.ဝေ့ကို လေးစားမှုသွားပေးဖို့ သူအ‌သေအချာကို ပြောလိမ့်မယ်။အဲ့ဒီအချိန်မှာ မင်းသူ့ကို လှည့်ပတ်ပြီး သွားသင့်တယ်"စုန့်ရွှမ်ဟယ်က အခြားလူက ဆိုးတယ်လို့ထင်ရအောင် ဆက်ပြီးပြုလုပ်လိုက်တယ်။"ဒါ့အပြင် သူမင်းကို ဖမ်းမိခဲ့ရင် ငါတို့က လူကြားထဲမှာ ဖြစ်တာကြောင့် ပြီးတော့ သူက သူ့ရဲ့ဂုဏ်သတင်းကို တန်းဖိုးထားတာကြောင့် ဒီနေရာမှာ သူအများကြီးပြောမှာ မဟုတ်ပေမဲ့ အလုပ်မှာ မင်းကို ပြဿနာလုပ်ဖို့ ဒါကို ဆင်ခြေတစ်ခုအဖြစ် သူအသုံးပြုနိုင်တယ်"

ရှောင်ယွမ်မုက ဒါနဲ့ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။သူ လေးတွဲ့တဲ့အသံနဲ့ တုံ့ပြန်လိုက်တယ်..."သူက ငါ့ရဲ့ဌာနနဲ့ ဘာမှမသက်ဆိုင်ဘူး။ငါ့ကို ဘယ်လိုမျှပြဿနာဖြစ်စေဖို့ သူမလုပ်နိုင်ဘူး"

RMLE / Book-2 (mm translation)Where stories live. Discover now