Chapter -60(part.2)

1K 227 9
                                    

/Uni/

အရင်က ပြောခဲ့တဲ့အတိုင်း စစ်ဆေးဖို့ရည်ရွယ်ချက်အတွက် တရုတ်ကိုလာဖို့ စီမံထားခဲ့သူ Mr.ရှောင်က သိပ်မကြာခင်ဘဲ ရောက်ရှိလာတယ်။လူအိုကြီးMr.ဝေ့ရဲ့မွေးနေ့ဂုဏ်ပြုပွဲပြီးနောက် ငါးမပြည့်မီမှာ သူ ရောက်ရှိလာခဲ့တယ်။

ဂုဏ်ပြုထမင်းစားပွဲက ငယ်ရွယ်တဲ့ ရှောင်မိသားစုကိုယ်စားလှယ်က ဘယ်အရာကိုမှ မမြင်ရအောင် ဝှက်ထားခြင်း မရှိခဲ့ဘူး။ကိစ္စ‌တွေနဲ့ပတ်သက်လို့ လျှို့ဝှက်စွာ စုံစမ်းမေးမြန်းထားပြီး သတင်းအတွက် စောင့်နေကြတဲ့ လူတွေအားလုံး Mr.ရှောင် ရောက်ရှိလာတာနဲ့တစ်ပြိုင်နက် စုံစမ်းရရှိခဲ့ကြတယ်။သူတို့တွေအားလုံး ရှောင်မိသားစုဂုဏ်ပြုထမင်းစားပွဲကို တက်ရောက်ဖို့ တောင့်တနေခဲ့တယ်။

ဂုဏ်ပြုထမင်းစားပွဲမတိုင်မီ သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးဖို့ ရောက်လာတဲ့ ဒီMr.ရှောင်အ‌ကြောင်းကို ရှောင်ရန်ယွင်ဆီကနေ စုန့်ရွှမ်ဟယ်က မမျှော်လင့်ဘဲ ကြားလိုက်ရတယ်။ဒီMr.ရှောင်က တကယ်တော့ ရှောင်ရန်ယွင်ရဲ့အဖေ ဖြစ်တယ်။

ဒါကြောင့် ကွမ်ကျီးမပါဘဲနဲ့တောင် စုန့်ရွှမ်ဟယ်က ရှောင်မိသားစု ဂုဏ်ပြုထမင်းစားပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတယ်။တကယ်တော့ ဖိတ်ကြားချက်နှစ်ခု ရှိခဲ့တယ်။ရှောင်ရန်ယွင်က အလွန်ကို ထောက်ထားညှာတာတတ်ပြီး ရှောင်ယွမ်မုကို သူ့ကိုယ်ပိုင် ပေးခဲ့တယ်။

လူအိုကြီးMr.ဝေ့ရဲ့ မွေးနေ့ဂုဏ်ပြုထမင်းစားပွဲပြီးနောက် ရှောင်ယွမ်မုက အလွန်ကို အလုပ်များနေခဲ့တာကြောင့် စုန့်ရွှမ်ဟယ်က သူ့ကို မြင်ရုံမျှသာ။ထုံးစံအတိုင်း အလုပ်မှာကလွဲလို့ စုန့်ရွှမ်ဟယ်က သူ့ကို အနီးအနားမှာ မတွေ့ရဘူး။ရှောင်ယွမ်မုက ချက်ပြုတ်ခြင်းကို ရပ်ခဲ့တယ်။အဲ့ဒီနေ့ကနေဆက်ပြီး စုန့်ရွှမ်ဟယ်က အလုပ်ကcafeteria(နှစ်သက်ရာကို ကိုယ်တိုင်ဗန်းဖြင့် ယူ၍ စားရသည့် စားသောက်ဆိုင်)မှာ စားတယ် ဒါမှမဟုတ် takeout(စားစရာများကို အထုပ်နှင့် ဝယ်ယူသွားနိုင်သောဆိုင်)ကို တောင်းဆိုလိုက်တယ်။ဒါကြောင့်လည်း ရှောင်ယွမ်မုက နေ့လည်စာအတွက် သူ့ရဲ့ရုံးခန်းမှာ စားဖို့ လာတာကိုလည်း ရပ်တန့်လိုက်တယ်။

RMLE / Book-2 (mm translation)Where stories live. Discover now